[Unicode]
"Bae~""ဟင်??"
"ဘာတွေ တွေးနေတာလဲ?
ကိုယ်အလုပ်မသွားခင်တည်းက မျက်နှာမကောင်းတာ ကိုယ်တွေ့တယ်။ဘာတွေဖြစ်နေတာလည်း အချစ်ရယ်၊ဘာတွေစိတ်ညစ်စရာရှိလို့လဲ??ကိုယ့်ကိုပြော~ကိုယ်အကုန်ဖြေရှင်းပေးမယ်"သူ့လက်နှစ်ဖက်အား ခပ်ဖွဖွဆုပ်ကိုင်ရင် ဆိုလာတော့ သက်ပြင်းတစ်ချက်ချမိသည်။
"ကို~"
"Humm?Bae??"
"ဟိုလေ~~ဟို..ကျနော်တို့ မင်္ဂလာဆောင်ကိုလေ Yeon Linaကို ဖိတ်ရအောင်လားဟင်??"
"Bae!!!"
"နော်~~သူ့ကို ဖိတ်ရအောင်လေ၊နော်နော်~~"
"ဘာတွေဖြစ်နေတာလဲBaeရာ၊ဘာလို့သူ့ကိုမှ ဖိတ်ချင်တာလဲ?မရဘူး၊မဖိတ်နဲ့၊ကိုယ်သဘောမတူဘူး။"
"ဒီအတိုင်းပဲ...ဖိတ်ချင်လို့"
"မရဘူးကွာ၊မဖိတ်နဲ့။"
ဟုဆိုကာ ကုတင်ပေါ်က ထသွားပြီး ဝရန်ထွက်သွားသည့် ထယ်ယောင်း။
ကြည့်ရတာ စိတ်ဆိုးသွားတဲ့ပုံ။သူလည်း ခပ်သွက်သွက်ပင် အနောက်ကလိုက်ကာ ခါးထောက်ရပ်နေတဲ့ ကို့ကို အနောက်ကနေ လှမ်းဖက်လိုက်သည်။
"ကို~"
"အဲ့ကိစ္စပဲ ဆက်ပြောမယ်ဆိုမပြောနဲ့တော့၊ကိုယ်တို့စကားများရလိမ့်မယ်။"
"ကိုကလည်း~သူ့ကို ဖိတ်တော့ဘာဖြစ်တာ မို့လို့လဲ။"
"မင်းဘာဖြစ်နေတာလဲ!!!၊ငါမဖိတ်နဲ့ဆို မဖိတ်နဲ့ပေါ့၊ဘာတွေ အထွန့်တက်နေတာလဲ??"
သူ့ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲကိုင်ရင်း အော်မေးလာတော့ ဒေါသက ထောင်းကနဲ၊အရင်ကဆို အော်ငိုမိမှာအမှန်ပင်။
"မရဘူး ဖိတ်မှာပဲ!!"
"Jeon Jungkook!!!!မဖိတ်ဘူးလို့ ငါပြောပြီးပြီနော်၊စကားကိုနှစ်ခါမပြောဘူး"
"ကျနော်ကလည်း စကားကိုနှစ်ခါမပြောဘူးKim Taehyung!!၊ကျနော်ဖိတ်မယ်။ခင်ဗျားမဖိတ်လဲနေ"
တစတစပိုကျယ်လာတဲ့ စကားသံတွေကြောင့် ဒေါသတွေက တရိပ်ရိပ်ထိုးတက်လာခဲ့သည်။