549 22 1
[Zawgyi]
လေးလံနေသော ခြေလှမ်းများကို မလှမ်းချင်လှမ်းချင်ဖြင့် လှမ်းနေရသည်။ သူမ၏လက်ကိုဆွဲကာ အိမ်ထဲသို့ခေါ်လာသည့် ဦးလေးကြီးကတော့ သူမကို မွေးစားမည်တဲ့..။ မေမေ့ကိုက မွေးကတည်းကမတွေ့ဖူးဘူးမို့ ကိစ္စမရှိပေမဲ့ ဖေဖေက..တစ်ယောက်တည်းရှိတဲ့ သူမဖေဖေက သူမ ကြိုက်သော ပေါင်မုန့်လေးဝယ်ပြီးပြန်မလာနိုင်တော့ချေ ။ နောက်ဆုံးတွေ့လိုက်ရသည်မှာ သွေးအလိမ်းလိမ်းနှင့်လဲလျောင်းနေသော ဖေဖေ့ကို သန့်ရှင်းပေးကြပြီး ဘယ်အထဲကိုထည့်လိုက်ကြသည်မသိ .. ပြာမှုန့်တွေထည့်ထားသော အိုးလေးကိုသာ သူမယူခဲ့ရသည်။ဖေဖေဆုံးသွားပြီတဲ့..။တကယ်တော့ ရှစ်နှစ်အရွယ် သူမအတွက် အတော်လေးကိုစိတ်ပင်ပန်းရသည်။သက်ပြင်းတို့်ချလျက်....
သူမကိုခေါ်လာသော ဦးလေးကြီးနောက်သို့သာ လိုက်နေရသည်။ အိမ်ထဲသို့ရောက်လျှင်ရောက်ချင်း..
"Hi..! ငါက Mina..ဒီနေ့ကစပြီး နင့်အမအဖြစ်နေပေးမယ်..."
အပြုံးလေးဖြင့်နှုတ်ဆက်လာသော ဒီအမမှာ သိပ်လှသည်။ ရင်ထဲတွင် ဗလောင်ဆူနေသော်လည်း သူမအား ကြိုဆိုနေသော ထိုအပြုံး..ထိုအပြုံးကြောင့် လိုလိုချင်ချင် ပြုံးမိသည်..။တကယ်တော့ မပြုံးနိုင်သည်မှာ ဖေဖေကိုမတွေ့ရတော့တည်းက..
"ဟုတ်..Tzuyu..လို့ခေါ်ပါတယ်..."
"Tzuyu..! အင်း ပင်ပန်းနေမှာပဲနော် ကလေးလေး.. အခုကစပြီး မမကို အားကိုးလို့ရပြီမို့ ဘာမှအားမငယ်နဲ့.."
"မမဆိုတော့ ဘယ်နှစ်နှစ်လဲဟင်?"
"ဆယ်နှစ်လေ ဟီး.."
ရယ်မိသည်..နှစ်နှစ်လောက်ပဲကြီးသော ဒီအမသေးသေးလေးက လူကြီးလေးကျလို့..သူမကိုအားပေးနေတာတဲ့....
ထိုအချိန်ကတည်းက သိခဲ့သည်...နှုတ်ခမ်းလေးကွေးပြီးပြုံးလိုက်လျှင် မျက်လုံးလေးပါပြုံးနေသော ဒီအမဟာ သိပ်လှကြောင်း........
☀☔❄14 years later
"ဟာ..ရူးချင်တာပဲ...အတွင်းရေးမှူးမို! အမ ခရီးသွားရင် ယာယီအတွင်းရေးမှူးကို ယောကျာ်းလေးပဲခန့်ပါလို့ပြောနေတာကို ဘယ်လိုကြောင့် မိန်းကလေးလဲ?!"
"သြော်..မှားသွားတာ မှားသွားတာ ဟီး"
"အဲ့မှာမှားနေလိုက်..ဒါပဲ.."
"ဟု..တ်.."
ပြောချင်ရာပြောပီး ဖုန်းချသွားသော သူဌေးကို ပြေးသာရိုက်ချင်တော့သည်။မာန်တက်နေသော သူဌေး
"သည်းခံ Momo သည်းခံ..နင့်သူဌေးက သူ့ကိုယ်သူ ငယ်တယ်တော်တယ်ချောတယ်ဆိုပြီး ဘဝင်မြင့်နေတာမို့ စိတ်ထိန်း စိတ်ထိန်း..."
စိတ်ထိန်းသည့်အနေဖြင့် အာလူးကြော်လေးချောင်းပါးစပ်ထဲထည့်လိုက်သည်။
Here I AmWhere stories live. Discover now