[Zawgyi]
"Sana ပြန်ရင်ပြန်တော့လေ သူဌေးကအလုပ်ဆင်းသွားပြီ"
"ဟင် သူ့အမနဲ့မုန့်သွားစားတာမဟုတ်ဘူးလား?"
"Minaနဲ့တွေ့ပြီးရင်အဲ့လိုပဲ ဘာပဲပြောပြော နေလဲဝင်ပြီဆိုတော့လေ ပြန်လို့ရပြီလို့"
"သြော်...ဒါနဲ့မေးစရာရှိတယ်"
"မေး"
"သူဌေးကိုဘယ်သူကများ ဒီလိုသတင်းအမှားတွေနဲ့stalkerတွေလွှတ်တာလဲ"
"အဟမ်း ဒီနားလာ"
အတင်းတုပ်တော့မည့် မျက်နှာပေးဖြင့်ခေါ်လိုက်တော့ Sanaလည်းအနားကပ်သွားသည်။
"ငါထင်တာတော့ ဆရာကတော်ပဲ"
"ဟင် ဘာလို့?"
"သူဌေးက ကုမ္ပဏီတစ်ခုကို ကိုယ်တိုင်ထောင်ထားပြီးအောင်မြင်နေပြီမလား...ဆိုတော့ Mr Myoui တို့ကုမ္ပဏီက ရှယ်ယာရှင်တွေနဲ့ကုမ္ပဏီရဲ့အရေးပါတဲ့သူတွေက တို့သူဌေးကိုမျက်စိကျနေကြတာ ရာထူးလွှဲပေးဖို့ကို"
"သြော်..Mina chanရှိတာကို"
"Minaက စိတ်မဝင်စားဘူး ဘဲလေးအကမယ်ဖြစ်ချင်ပေမဲ့ ခြေကျင်းဝတ်လည်သွားလို့ အိမ်မက်တွေကိုမေ့ထားရတာလေ ကုမ္ပဏီကိုတစ်စက်မှစိတ်မဝင်စားဘူး"
"သြော် အဲ့တာကြောင့် အဖွဲ့မှူးထင်တာက Mina chanရဲ့အမေက သူ့သမီးရဲ့နေရာကိုကာကွယ်ဖို့
ဒါမျိုးတွေလုပ်တယ်ပေါ့?""အင်း ဒါပေမဲ့ တို့ရဲ့အထင်သက်သက်ပါ"
"ဘယ်လိုပဲမချစ်ပါစေ ကိုယ်မွေးစားထားတာကို မလုပ်ရက်လောက်ပါဘူး"
"အင်း...ထင်ရတာပဲ.."
အချင်းချင်းနှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့ကြသည်။Sanaလဲ ခေါင်းများရှုပ်နေတော့သည်။အဖွဲ့မှူးပြောသလိုတကယ်သာဆို ..သူဌေးသနားပါတယ်..။
####💬"မနက်ဖြန် ကျွန်တော်တို့ ဒိတ်ကြမယ်နော် see you Minashi❤"
Message ကိုဖတ်ပြီးMinaစိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ဒီလိုမျိုး ဇွဲကောင်းသောသူမျိုးက သူမကိုစိတ်ညစ်စေသည်။ အားး စိတ်ရှုပ်တယ်တကယ်ပဲ။
##"မိုးတောင်လင်းပြီ ဝါးးး"
ရှည်လျား၍ကျယ်ပြန့်သော ကျောပြင်ကို ဆန့်လိုက်တော့ အညောင်းအညာတို့က အမှန်အကန်ပြေသွားပြီး အရပ်ပင်ပို၍ရှည်သွားသလို..။ (ဒီမှာတော့ ငါးပေတောင်ပြည့်ရုံလေးကို အရပ်ရှည်နေတာ လိပ်ပြာလုံပါဇေ ဝွန့်)
📱~~~
ထိုစဉ်ဖုန်းဝင်လာသဖြင့် အာရုံပျက်သွားသည်။အပျင်းထူနေတာကို လာရှုပ်တဲ့ဖုန်း ဝွန်းးး။
YOU ARE READING
Here I Am
Fanfiction[Zawgyi+Unicode] (Zawgyi) ဘဝကရိုးရိုးရှင်းရှင်းလေး ဖြစ်ရင်ဖြစ်မယ်..။ ဘယ်သူမှငါ့အနားမှာမရှိတာမျိုးလဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ မင်းသာရှိနေမယ်ဆို ငါအဆင်ပြေတယ်..။ငါလည်း တစ်သက်လုံးမင်းအတွက်ရှိနေပေးမယ်..။ ယောင်ရမ်းပြီးပြောတဲ့စကားတွေမဟုတ်ဘဲ ရင်ထဲကလာတဲ့လေးနက...