[Unicode]
"သူဌေး ရရဲ့လား?"
သူ့ကိုလာတွဲသော Sanaကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှပြန်မဖြေနိုင်.....။ stalker ကိုသာဒေါသတကြီးနဲ့ ကြည့်လိုက်ပြီး..
"ပြေးတော့...ကြိုးဖြည်ပေးမယ်...အဝေးဆုံးကိုပြေးတော့..
ငါ့မျက်စိရှေ့ကိုရောက်မလာနဲ့တော့..တကယ်လို့ ထပ်ရောက်လာခဲ့ရင် မင်းရော မင်းကိုခိုင်းတဲ့လူရော ထောင်ထဲထည့်ပစ်မယ်....ပြေး...ပြေးတော့"Tzuyu ကြိုးဖြည်ပေးလိုက်ပြီး တံခါးဖွင့်ပေးလိုက်တော့ ထိုလူမှာ ကမှူးရှူးထိုးပြေးထွက်သွားလေသည်။ Tzuyuလည်း ယိုင်နဲ့ကာ မတ်တပ်ရပ်နိုင်စွမ်းပင်မရှိတော့..။ Sana ကတော့ သူ့ကို စိတ်မကောင်းဖြစ်နေသော မျက်ဝန်းများဖြင့်ကြည့်နေသည်။
ကြမ်းပြင်ပေါ်သို့ Tzuyuတစ်ယောက် အရုပ်ကြိုးပြတ် ထိုင်ချမိလိုက်သည်။ စိတ်ထဲတွင် အမျိုးအမည်ပေါင်းစုံသော ခံစားမှုများက နေရာယူလျက်....။Sanaကလည်း သူ့ဘေးတွင် ထိုင်ချသည်။
"ရက်စက်လိုက်တာ....ဒါနဲ့များ...ငါ့ကိုဘာလို့ခေါ်လာသေးတာလဲ...ဘာလို့ ငါ့ကိုသမီးလေးလို့ခေါ်တာလဲ...စိတ်ရင်းတွေလို့ ထင်ခဲ့တာ...ဘာလို့ဟန်ဆောင်တာလဲ...ကောင်းချင်ယောင်ဆောင်ပြီးမှ ဘာလို့နောက်ကျောကနေဓားနဲ့ထိုးတာလဲ..."
Tzuyuပြောပြောပြီး ကလေးတစ်ယောက်လို ငိုနေမိသည်။ Sanaလည်း Tzuyuပုခုံးလေးကို ပုတ်ပေးပြီး နှစ်သိမ့်ပေးနေရုံသာ တတ်နိုင်သည်။
ထိုနေ့ညက သူမရင်ခွင်ထဲတွင် သူတော်တော်လေးငိုနေခဲ့သည်။ သူနဲ့အတူ သူမရောမျက်ရည်ကျရပါတယ်ဆိုရင်ရော
လူတွေက ကဲ့ရဲ့ကြလေမလား....။ ကိုယ်ချစ်ရတဲ့သူငိုနေလို့် သူမလဲမျက်ရည်ကျမိတာပဲ...ဘယ်သူပဲလှောင်ပါစေလေ....။မနက်ရောက်တော့ Tzuyuနိုးလာသည်။ ညကအတော်လေး ငိုမိခဲ့တာကြောင့် မျက်လုံးတွေက ဖူးယောင်နေပြီး နာနေသည်။ Sana ကိုကြည့်လိုက်တော့ ဆိုဖာထိုင်ခုံတွင် လက်တင်ကာ လက်ပေါ်သို့ပါးလေးကပ်လျက်အိပ်နေသည်။
"ငါ့ကြောင့် ပင်ပန်းရပြီ..."
Tzuyuရေရွတ်ရင်း Sanaလက်မောင်းကိုကြည့်မိတော့
အလိုလေး...သွေးတွေက စိုနေပါလား...။Sanaကို အမြန်နှိုးလိုက်သည် ဆေးခန်းသွားရမည်မဟုတ်လား။

YOU ARE READING
Here I Am
Fanfiction[Zawgyi+Unicode] (Zawgyi) ဘဝကရိုးရိုးရှင်းရှင်းလေး ဖြစ်ရင်ဖြစ်မယ်..။ ဘယ်သူမှငါ့အနားမှာမရှိတာမျိုးလဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ မင်းသာရှိနေမယ်ဆို ငါအဆင်ပြေတယ်..။ငါလည်း တစ်သက်လုံးမင်းအတွက်ရှိနေပေးမယ်..။ ယောင်ရမ်းပြီးပြောတဲ့စကားတွေမဟုတ်ဘဲ ရင်ထဲကလာတဲ့လေးနက...