[Unicode]
"unnie ဘာလုပ်တာ....?"
သူမက ရုတ်တရက်ဖက်လိုက်တာကြောင့် Tzuyuထံမှအံ့သြစွာထွက်ပေါ်လာသော မေးခွန်းကသူမကို တိုက်ခိုက်နေသည်။ ဖက်လိုက်တာပါ...ဖက်လိုက်တာပါပဲလေ..။ အမတစ်ယောက်က ညီမလေးကိုဖက်တာ ဘာမှမထူးဆန်းဘူးမလား။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းစည်းတွေသားပြီး တစ်ယောက်တည်းစည်းတွေခြားရင်း ဖက်တာလေးကိုတောင် လုပ်မပေးနိုင်ခဲ့တာ..၊ဒီကလေးကမအံ့သြဘဲနေပါမလား..။ ပထမဆုံးမို့များလား...?အရမ်းနွေးတာပဲ။
ဖြစ်နိုင်ရင် ဖက်တွယ်ထားမိတဲ့လက်တွေကို ဘယ်တော့မှမဖြုတ်ချင်တော့ဘူး...။ဒီရင်ခွင်ထဲမှာပဲ အမြဲတမ်းနေချင်မိတယ်...။ ဒါပေမဲ့....။"စိတ်ပူနေတာ အရူးမလေးရဲ့"
ရင်ခွင်ထဲကနေထွက်ကာ ရယ်မောရင်းပြောနေသော Mina ကြောင့် Tzuyuလည်းပြန်၍ပြုံးလိုက်သည်။
"ဘာကိုစိတ်ပူတာလဲ"
"မိုးတွေရွာတယ်လေ..တစ်ယောက်တည်းဆိုတော့.."
"Tzuက ကလေးမို့လို့လား မကြောက်ပါဘူး"
"ဟုတ်ပါရဲ့ ပြန်တောင်မအိပ်ဘဲ ဘယ်တွေသွားနေတာလဲ"
"အဲ့တာက သူငယ်ချင်းတစ်ယောက်ဆီသွားရင်း မိုးတွေရွာလာလို့ မိုးရေထဲမမောင်းချင်တာနဲ့ သူငယ်ချင်းဆီပဲအိပ်လိုက်တာ"
"အဲ့သူငယ်ချင်းက Sana chanလား"
ပြုံးပြုံးလေးဖြင့်မေးလာခြင်းဖြစ်သော်လည်း အေးစက်မှုကို Tzuyuခံစားမိသည်။
"ဟုတ်တယ်..နေမကောင်းဘူးဆိုလို့ သွားရင်းနဲ့.."
နှစ်ယောက်ကြားထဲမှာ လေထုကအေးစက်သွားပြန်သည်။
အခုတလောဒီလိုမျိုးတွေ မကြာခဏဖြစ်နေပါလား..။"Sana chanသက်သာလား"
"သက်သာပါပြီ..ဒါနဲ့unnieက ဘယ်လိုသိတာလဲ Sana chanဆီကိုသွားမှန်း"
"Chaeyoung ပြောပြတာ"
"Chae က?"
"အင်း..Tzuတို့်ကုမ္ပဏီကို သွားရင်း လမ်းမှာပန်းဆိုင်ဝင်နေတာကိုလည်းတွေ့တယ်တဲ့ Nayeon unnieနဲ့ခဏတဖြုတ်စကားပြောရင်းက Sana chanဆီကိုသွားတာ သိတာတဲ့.."

YOU ARE READING
Here I Am
Fanfiction[Zawgyi+Unicode] (Zawgyi) ဘဝကရိုးရိုးရှင်းရှင်းလေး ဖြစ်ရင်ဖြစ်မယ်..။ ဘယ်သူမှငါ့အနားမှာမရှိတာမျိုးလဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ မင်းသာရှိနေမယ်ဆို ငါအဆင်ပြေတယ်..။ငါလည်း တစ်သက်လုံးမင်းအတွက်ရှိနေပေးမယ်..။ ယောင်ရမ်းပြီးပြောတဲ့စကားတွေမဟုတ်ဘဲ ရင်ထဲကလာတဲ့လေးနက...