[Zawg
"နေပါဦး..Tzuက ငါပေးတဲ့မာဖလာကိုကြိုက်လွန်းလို့ချွတ်တောင်ချွတ်ပါ့မလား တကယ်ကိုအရမ်းသဘောကျမယ်ထင်တယ်..ဟားဟား"
Minaတစ်ယောက်အတွေးနဲ့ပင်ပျော်မြူးနေသည်။
ဘာလိုလိုနဲ့ကုမ္ပဏီနားပင်ရောက်လာလေသည်။ထိုစဉ်Tzuyuကားကိုအပြင်မှာတင်မြင်လိုက်သည်။
Tzuyuကိုလှမ်းကြည့်လိုက်တော့ ပြုံးနေပြီးကောင်းကင်ကိုမော့ကြည့်နေသည်။ သြော် နှင်းကျတာပဲ ပထမဆုံးနှင်း။
နှင်းတို့ကို ကလေးတစ်ယောက်လို နှစ်ခြိုက်စွာကြည့်နေပုံက ကောင်းကင်ကနေကျလာသော နှင်းပွင့်တို့ထက်ပင် ပို၍ဖြူ စင်နေသည်။ သဘောကျလျှင်ပေါ်၍လာတတ်သော ပါးချိုင့်လေးတို့ဟာလည်း ပုံမှန်ထက်တောက်ပလျက်..။ဒီကောင်မလေး..တကယ်ကိုလှလိုက်တာ...။ အတွေးတို့ကိုဖျောက်ပြီး Tzuဆီသွားမည်အလုပ် Tzuလည်တိုင်ဆီကို ရောက်လာသောလက်ပိုင်ရှင်ကြောင့် တုံ့ခနဲရပ်သွားသည်။
"Sana chan?"
Tzuyu နှင့်Sanaနှစ်ယောက်သားမှာ တစ်လောကလုံး သူတို့နှစ်ယောက်ပဲရှိသည့်နှယ်..ဘာကိုမှအရေးမလုပ်ပဲ သူတို့အချင်းချင်းသာစကားပြောမပြတ်။"ဒါဆို သူဌေးဝင်တော့လေ Sanaလဲသွားတော့မယ်"
"အင်း ကောင်းကောင်းသွား"
"သူဌေးလဲ ကောင်းကောင်းအိပ်ပါ ဘာကိုမှမတွေးဘဲ.."
Tzuyu ပြုံးပြလိုက်ပြီး ကားထဲဝင်ကာ ကားပါကင်သို့ဆက်၍မောင်းလာခဲ့သည်။Sana လည်းပြန်တော့မည်အလုပ်..
"Sana chan!""Mina!"
"ဘယ်ကပြန်လာတာလဲ"
"ကုမ္ပဏီကိစ္စနဲ့ပါ.."
"ငါ မေးစရာရှိတယ်"
"အင်း မေးလေ"
"Tzuနဲ့က ဘယ်လိုဆက်ဆံရေးလဲ"
"ငါကအဲ့တာကို ဘာလို့Mina chanကိုပြောပြရမှာလဲ..ပြီးတော့ ငါကမှသိချင်နေတာ Mina chanနဲ့ကရော ဘယ်လိုဆက်ဆံရေးလဲ"
"ငါက....ငါကသူ့အစ်မလေ"
"ဒီလိုဆို ငါကလည်း သူဌေးရဲ့ဝန်ထမ်းပါပဲ..ရပြီလား ပင်ပန်းနေလို့သွားတော့မယ်"
လှည့်ထွက်သွားသော Sana ရဲ့ကျောပြင်ကိုကြည့်ရင်း မှင်သေနေမိသည်။ ငါက အစ်မတစ်ယောက်ပါပဲလေ..။
YOU ARE READING
Here I Am
Fanfiction[Zawgyi+Unicode] (Zawgyi) ဘဝကရိုးရိုးရှင်းရှင်းလေး ဖြစ်ရင်ဖြစ်မယ်..။ ဘယ်သူမှငါ့အနားမှာမရှိတာမျိုးလဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ မင်းသာရှိနေမယ်ဆို ငါအဆင်ပြေတယ်..။ငါလည်း တစ်သက်လုံးမင်းအတွက်ရှိနေပေးမယ်..။ ယောင်ရမ်းပြီးပြောတဲ့စကားတွေမဟုတ်ဘဲ ရင်ထဲကလာတဲ့လေးနက...