Unicode;
အသက်ကို လုရူရင်း Grazie (ခေါ် ) Jimin မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဝါကျင်ကျင် မျက်နှာကြက်ပေါ်က အနုမြူ ကြယ်ပိစိလေးတွေ မြင်လိုက်ရခြင်း အရဆို အိမ်မှာ မဟုတ်တာတော့ သေချာသည်။ ငါ မသေသေးဘူးလား...။ အလန့်တကြား ဘေးဘီဝဲကြည့်မိတော့ အပြာနုရောင် ချယ်ထားသည့် အခန်းကျဉ်းလေးထဲ ပစ္စည်းပိစိလေးတွေနှင့် ရှုပ်ပွနေလေသည်။
ငါ... ဘယ်ရောက်နေတာလဲ..။ ကုတင်ထက် တစ်စစီ ပြန့်ကျဲနေသည့် ပိုင်ရှင်မသိ အဝတ်များကို ကြည့်ရင်း..။ နေဦး ဘယ်သူ့ အဝတ်တွေလဲ ဘာလို့ ကြမ်းပြင်မှာ ပြန့်ကျဲနေတာလဲ..။ Jimin သတိထားမိမှ စောင်ထဲမှ ကိုယ့်ကိုကိုယ် ငုံကြည့်မိသည်။ ငါက ဘာလို့ အဝတ်မပါတာလဲ...။ ဧကန္တ မနေ့ညက ငါ့ကို အမျိုးသမီး တစ်ယောက်ယောက် ကယ်ရင်း..။
တွေးနေစဉ် ခါးပေါ် ရောက်လာသည့် လက်တစ်စုံကြောင့် Jimin တုန်သွားသည်။ ဖြေးဖြေးချင်း ဘေးနား လှည့်ကြည့်လိုက်တော့ အမျိုးသမီး မဟုတ်ပဲ အမျိုးသား တစ်ယောက်။ ထိုအမျိုးသားမှာလည်း အင်္ကျီမပါ..။
"အား!!!!!!!!!!!!!!"
Jimin အာခေါင်ခြစ်အော်လိုက်မိသည်။ ဘေးနား အိပ်နေတဲ့ အမျိုးသားက ကပြာကယာ ထရင်း
"ဘာလို့လဲ.. ဘာလို့လဲ Hyung"
ဒီလူ ကိုရီးယားလို ပြောနေတာလား..။ ကျစ်.. တခါမှ မမှားဘူးတဲ့ ငါက မှားတော့လည်း အမျိုးသမီးတောင် မဟုတ် အမျိုးသားကိုမှ ကိုရီးယားလူမျိုးနဲ့လား..။ ထိုလူကို Jimin ကြောင်ငေးနေမိသည်။ ထိုလူက အိပ်ချင်မူးတူးဖြင့် မျက်လုံးကို မနည်းဖွင့်ထားသလို ပြန်ပိတ်ပြီး ကုတင်ထက် ပြန်လှဲကာ Jimin ကို ဖက်လိုက်သည်။ မမျှော်လင့်ထားသည့် လုပ်ရပ်ကြောင့် Jimin ထပ်အော် လိုက်မိသည်။
"အားးးးးးးးး"
"မောင့် ယောက်ျားရာ အသံကောင်းတာ သိပါတယ် သိပ်မအော်ပါနဲ့.. မောင် အလုပ်ပိတ်ရက်လေး အိပ်ပါရစေ"ယောက်ျား..??။ အခု ဒီကောင်က ငါ့ကို ယောက်ျားလို့ ခေါ်လိုက်တာလား...။ ပွေ့ဖက်ထားသည့် ထိုလူကို အတင်း ကုတင်ပေါ်က တွန်းချရင်း
"မင်း ဘယ်သူလဲ ဘယ်လိုလုပ်ပြီး ငါနဲ့ လာအိပ်နေတာလဲ"
Jimin ဂျာမန်လို ပြောလိုက်သည်ကို ပြုတ်ကျသွားသည့် ထိုကောင်လေးက ကုတင်အောက်မှ ကြောင်ကြည့်နေလေသည်။ ပြီးမှ ပြုံးသွားသည်။ ဘာလို့ ပြုံးသွားတာလဲ ကုတင်ပေါ်က တွန်းချလိုက်တာကို ပြုံးစရာလား ဒီကောင် ငစား..။ ထိုကောင်လေးက ကုတင်အောက်မှ ကုတင်ပေါ် ပြန်တက်ရင်း
YOU ARE READING
Amor is so Dumm
FanfictionAmor {proper noun} god of love, son of Venus, Cupid. (Unicode +Zawgyi) Unicode; ငါရှိရမယ့် နေရာအမှန်က ဂျာမနီမှာလည်း မဟုတ်ဘူး တောင်ကိုရီးယားမှာလည်း မဟုတ်ဘူး... မင်းရဲ့ဘေးမှာ...။ Zawgyi; ငါရှိရမယ့် နေရာအမ...