Ep-17

5.2K 827 153
                                    

Unicode;

ပြတင်းပေါက်ကနေ ကျိုးတိုးကျဲတဲ ဝင်လာတဲ့ နေရောင်ခြည် ခပ်စူးစူးကြောင့် Jimin အိပ်ရာမှ နိူးလာခဲ့သည်။ ဘေးနားက Jungkook ကို လှမ်းကြည့်လိုက်တော့ အိပ်ပျော်နေဆဲပင်။ များသောအားဖြင့် Jungkook ထက် နောက်ကျမှ ထနေကြမို့ Jimin အနားစားပွဲပေါ်က ဖုန်းအား ယူဆွဲကြည့်လိုက်သည်။ ခုနှစ်နာရီတောင် ခွဲနေပြီမို့ မနိူးသေးတဲ့ Jungkook နဖူးပေါ် လက်တင် စမ်းလိုက်သည်။

"ညကထက်စာရင်တော့ တော်တော် အပူကျသွားပါပြီ... ဆေးရှိန်ကြောင့် မနိူးသေးတာလား"

နေမကောင်းတဲ့ စာဖိုမှူးအား မနှိုးရက်တာကြောင့် Jimin အရင် အိပ်ယာက နိူးထလာခဲ့လိုက်ပြီး မီးဖိုလေးအနား ကပ်လာခဲ့သည်။ မီးဖိုချောင်ကောင်တာလေးထဲ စားစရာ ရှာရင်း ပေါင်မုန့်နဲ့ Jam သာ ထုတ်ယူလိုက်သည်။ ပေါင်မုန့်တစ်ချပ်အား Jam သုတ်နေရင်း

"ကျစ်... ငါက ဒီဟာစားလို့ရပေမယ့် ဟိုကောင်က နေမကောင်းနေတာကို စားချင်ပါ့မလား.. တစ်ခုခု လုပ်ပေးရအောင် ငါလည်း ဘာမှမလုပ်တတ်ဘူး.. မသိတော့ဘူး ဒါပဲစားလိမ့်မယ်"

အာရုံမထားတော့ သလို ကိုယ့်ကိုကိုယ် ပြောလိုက်ပေမယ့် စိတ်ထဲက ဘာလုပ်လို့ရမလဲ တွေးနေမိတုန်းပင်။ သက်ပြင်းလေး တစ်ချက်ချလိုက်ပြီး ခုနာ Jam သုတ်ပြီးသားပေါင်မုန့်နဲ့ Jam အား မစားတော့ပဲ ရေခဲသေတ္တာလေးထဲ ထည့်ထားလိုက်သည်။

"ဆန်ပြုတ်ဆိုရင်တော့ လွယ်မယ်ထင်တယ် ဆန်ကို ပြုတ်လိုက်ရုံပဲ မလား"

ကိုယ့်အတွေးနဲ့ကိုယ် ဘောင်းဘီအိတ်ထဲက ဖုန်းလေး နိူက်ကာ Google မှ ဆန်ပြုတ် ပြုတ်နည်း ရှာလိုက်သည်။ တစ်ခုချင်းစီ လိုက်လုပ်ရန် ပါဝင်ပစ္စည်းများအား အရင် ရှာဖွေပြီး စားပွဲထက် အရင် စီလိုက်သည်။

"ဆန်တစ်ခွက်ဆိုတာ ဘယ်လိုခွက်နဲ့ပြောတာလဲ သေချာလည်း ရေးမထားဘူး မသိဘူး ငါတော့ သောက်ရေခွက်နဲ့ ချိန်ပြီ"

အပြောနဲ့ အလုပ်ညီမျှစွာ ခွက်တစ်ခွက်ယူပြီး ဆန်သိမ်းသည့် ပုံးလေးထဲမှ တစ်ခွက် ခပ်လိုက်သည်။

"ပြီးတော့ ကြက်သား တစ်ခွက်.. အာ $hit ကြက်သားဆိုတာ အတုံးကြီးလေ ခွက်နဲ့ ဘယ်လိုချိန်ရမလဲ ဘယ်လောက် စင်တီမီတာ ဘယ်နှတုံး ဆိုပြီး အတိအကျ ရေးသင့်တာပေါ့.. အခုကျ ဘယ်ခွက်တွေ ပြောနေတာတုန်းလူနားလည်အောင် မရေးဘူး.. မသိဘူး မထည့်တော့ဘူး ကျော်"

Amor is so DummWhere stories live. Discover now