Unicode,
အိပ်မက်ရှည်ကြီး ဆီ ခရီးမနှင်ကြခင် နာရီပိုင်းအလို .....။
"ဝါး.. ဒါ Namjoon Hyung တို့အိမ်ကြီးလား.. ရဲတိုက်ကြီးလိုပဲနော်"
အဖေ ဖြစ်သူရဲ့ အားပေးအားမြောက်မှုကြောင့်ရော အစ်ကို အရင်းလို ရင်းနှီးရတဲ့ Seokjin ကြောင့်ပါ Jungkook ဂျာမနီ ရောက်လာလေသည်။ Namjoon က တောင်ကိုးရီယားကို လာနေကြမို့ Seokjin မိတ်ဆက်ပေးခဲ့တာကြောင့် Jungkook နဲ့ ရင်းနှီးပေမယ့် ဒီလောက်ကြီးထိ ကြီးကျယ်ခမ်းနား လိမ့်မယ်ဆိုတာတော့ မသိခဲ့။
"Alex Armanto မိသားစုက ဘာလင်မှာ တကယ် ဒိတ်ဒိတ်ကြဲပဲလေ.. လာလာ Namjoon က ငါတို့ကို စောင့်နေလိမ့်မယ်"
Seokjin ရဲ့ ဦးဆောင်မှုနဲ့ Jungkook လည်း အိမ်တော်ကြီးအား အံ့ဩစွာ ပတ်ပတ်လည်ကိုငေးရင်း လိုက်ဝင်လာခဲ့သည်။ Jungkook အပါအဝင် တခြားသော Namjoon ရဲ့ အသိဆွေမျိုး တောင်ကိုးရီယား လူမျိုးတချို့လည်း ပါပေမယ့် ဂျာမန်စကားအနည်းငယ်ရပြီး ဘာလင်ကို လာနေကျဖြစ်တဲ့ Seokjin ကပဲ ခြံဝန်းထဲရှိ ဥယျာဉ်မှူးကို စကားတွေ ပြောနေလေသည်။ ခဏအကြာမှာပဲ Namjoon ထွက်ကြိုလာ၏။
"မတွေ့တာကြာပြီပဲ.. ဝါး Jungkook တကယ်ပါလာတာပဲ"
"Jin Hyung ပေါ့ Alex Armanto လုပ်ငန်းစုမှာ ရင်းနှီးမြုပ်နှံကြည့်ပါဆိုပြီး အတင်းသွေးထိုးနေလို့"
"ဟား.. အဲ့လို မလုပ်လည်း ဘာလင်ကို အလည်လာလို့ရပါတယ်ကွာ.. လာကြ လာကြ အိမ်ထဲဝင်ကြ"Namjoon က အစေခံ တချို့ကို ခေါ်ယူကာ ပါလာသည့် အထုတ်အပိုးများ ခေါ်သည်ခိုင်းလေသည်။ များပြားလှပါသော အစေခံများနဲ့ တောင်ကိုးရီယား လူမျိုးများ ရှုပ်ထွေးနေသည့်ကြားက Jungkook စားသောက်ခန်းထဲက ကြွေရုပ်ငယ်လေးဆီ အာရုံရောက်သွားသည်။ အနောက်တိုင်း တော်ဝင်ဇာတ်လမ်းတွေထဲကလို စားပွဲအရှည်ကြီးရဲ့ ထိပ်နေရာမှာ တစ်ယောက်ထဲ ထိုင်ကာ စားသောက်နေသည့် သက်ရှိအရုပ်လေးဟာ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် အပြင်ကို တစ်ချက်တောင် လှည့်ကြည့်မလာပါ။ တင်းမာလွန်းတဲ့ မျက်နှာထားကပဲ ထိုကြွေရုပ်လေးရဲ့ အလှဂုဏ်ကို ပိုမြှင့်တင်နေလားမသိ။ ကြည့်လိုက်တာနဲ့ ရှိန်ထွက်နေတာမျိုး..။
YOU ARE READING
Amor is so Dumm
FanfictionAmor {proper noun} god of love, son of Venus, Cupid. (Unicode +Zawgyi) Unicode; ငါရှိရမယ့် နေရာအမှန်က ဂျာမနီမှာလည်း မဟုတ်ဘူး တောင်ကိုရီးယားမှာလည်း မဟုတ်ဘူး... မင်းရဲ့ဘေးမှာ...။ Zawgyi; ငါရှိရမယ့် နေရာအမ...