Unicode;
"ဟိုကြွက်စုတ်ရော"
ဆံသဆိုင် လူရှင်းချိန်မှ Jimin ပြန်ရောက်လာသည်မို့ ဆိုင်ထဲတွင် Taehyung ရှိမနေတော့။ Hoseok က ထမင်းလိပ်အား ပလုပ်ပလောင်း စားနေရင်း ဖြေလိုက်သည်။
"ပြန်သွားပြီ"
"ကောင်းတာပဲ... နားညီးသက်သာသွားပြီ"ပြောပြီး Jimin က ထိုင်ခုံလေးထက် ခြေထောက်ချိတ်ကာ ထိုင်နေလိုက်သည်။ Hoseok စားနေသည့် ထမင်းလိပ်က လာတဲ့ နှမ်းဆီနံ သင်းသင်းလေးကြောင့် ဗိုက်ပင်ဆာလာသလို။
"ဆံပင်ဆိုင် သူဌေး ငါ့ကို ပိုက်ဆံနည်းနည်းချေးစမ်းပါ Jeon Jungkook လာရင် ပြန်တောင်းလိုက်"
ဘဝ တစ်လျှောက်လုံး ဒီလို လေသံမာမာနဲ့ ငွေလာချေးသူကို ကြုံဖူးတာ ပထမဆုံးပင်။ Hoseok က အပေါ်ဝတ် အင်္ကျီလေးရဲ့ အိတ်ထောင်လေးထဲကို နိူက်ပြီး ဝမ် တစ်သောင်းတန် တစ်ရွက်ထုတ် ပေးလိုက်သည်။
"ငွေသား အများကြီးတော့ မရှိဘူး.. ဒီလောက်ဆို လောက်လား"
"အဲ့တာ ဘယ်နားကဝယ်တာလဲ"Jimin က Hoseok စားနေသည့် ထမင်းလိပ်လေးအား မေးငေါ့ကာ မေးလိုက်လေသည်။ Hoseok က မကျေနပ်သလို ကြည့်ရင်း
"ဒီဟာ စားချင်တာမှန်း ငါ့ဆီက ယူစားလေ ဘာလို့ ငွေချေးနေသေးလဲ"
"ငါက သူများစားလတ်စကြီး ဆက်စားတတ်တဲ့ ပုံပေါက်လို့လား... အပိုတွေ မပြောပဲ ငါ့ကို ဆိုင်နေရာသာ ပြောစမ်းပါ"
"လမ်းကြားကွေ့လေးက ဆိုင်ထင်တာပဲ.. ငါလည်း သေချာမသိဘူး ခုနာ Taehyung မပြန်ခင် ဝယ်ခိုင်းလိုက်တာရယ်"Jimin လည်း လက်ထဲ ဝမ်တစ်သောင်းတန်လေးကိုင်ရင်း လမ်းကြားကွေ့နားက တွန်းလှည်းဆိုင်လေးဆီ လျှောက်လှမ်းလာမိသည်။
"အာ... ငါ ဘာတွေ လုပ်မိနေလဲမသိဘူး.. ကိုရီးယား လမ်းဘေးစာကို မက်မက်မောမော တောင်းတနေမိတယ်.. အဲ့တာတွေ အကုန် အိမ်က ကြွက်စုတ်ကြောင့်.. တနေ့ တနေ့ ငါ့ကို ကိုရီးယားစာတွေ အတင်းထိုးကျွေးနေတာ"
တစ်ယောက်ထဲ စကားများရင်း Jimin ထမင်းလိပ်နဲ့ ငါးအူချောင်း ရပ်စားနေမိသည်။
"လမ်းဘေးစာကလည်း ကောင်းလိုက်တာ.. Grazie ရေ မင်းမဟုတ်သလို ဘာဖြစ်နေတာလဲ"
YOU ARE READING
Amor is so Dumm
FanfictionAmor {proper noun} god of love, son of Venus, Cupid. (Unicode +Zawgyi) Unicode; ငါရှိရမယ့် နေရာအမှန်က ဂျာမနီမှာလည်း မဟုတ်ဘူး တောင်ကိုရီးယားမှာလည်း မဟုတ်ဘူး... မင်းရဲ့ဘေးမှာ...။ Zawgyi; ငါရှိရမယ့် နေရာအမ...