Ep-7

4.7K 783 110
                                    

Unicode;

"Hyung... ထတော့လို့.. မောင့်ယောက်ျားရေ ထပါတော့ဗျာ"

မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ ဝါကျင်ကျင် မျက်နှာကြပ်မှာ ကပ်ထားသည့် အနုမြူကြယ်လေးတွေကို မြင်လိုက်ရကတည်းက သူဟာ အခုချိန်ထိ ယောက်ျားယူထားတဲ့ Park Jimin အနေနဲ့သာ ရှိသေးသည်ဆိုတာ သိလိုက်ရသည်။ မပွင့်တပွင့် မျက်လုံးအစ်အစ်လေးတွေကို လက်ဖြင့် ပွတ်သက်ရင်း အညောင်းဆန့်လိုက်မိသည်။

"မောင့်ယောက်ျားလေးက ကြောင်ပေါက်လေးကျနေတာပဲကွာ"

Jungkook တစ်ယောက် အသည်းတယားယားနဲ့ မကြာသေးခင်ကမှ လတ်လတ်ဆတ်ဆတ် ဆိုးထားသည့် အနက်ရောင် ဆံပင်တွေကို ဖွရမ်းလိုက်သည်။ Jimin ကတော့ သူ့ခေါင်းပေါ်ရောက်လာတဲ့လက်ကို ပုတ်ချလိုက်ရင်း

"ကျစ်.. ဖယ်စမ်းပါကွာ ငါ့အသားကို မထိနဲ့လို့ ပြောထားတာကို နိုးတာနဲ့ ဆဲချင်အောင် မလုပ်စမ်းနဲ့"
"ဟုတ်ပါပြီဗျာ မထိတော့ပါဘူး... ဒီနေ့ အလုပ်က စောလာဖို့ ဖုန်းဆက်လို့ မောင် အရင် ရုံးသွားနှင့်မယ်နော်.. Hyung အလုပ်ကို လိုက်မပို့နိုင်တော့တာ တောင်းပန်ပါတယ်နော်"

ကလေးချော့သလို ချော့မော့ပြောနေသည့် Jungkook ကို စိတ်မရှည်သလို တစ်ချက် လိုက်နဲ့ ရွယ်လိုက်ရင်း Jimin က

"$hit.. အဲ့တာလေးပြောဖို့ ငါ့ကို အတင်းနိူးတာလား ဒီသောက်ကောင်ကတော့"

Jimin ဆဲလိုက်သည်ကို Jungkook ကတော့ သဘောကျနေသလို တခစ်ခစ်သာရယ်နေလေတော့သည်။

"ကျွန်တော်က Hyung ကို တစ်ယောက်ထဲ အလုပ်သွားခိုင်းရမှာ စိတ်မချလို့ပါ"
"ငါက ကလေးလား.. ငါ လုပ်ထလိုက်ရ"
"မဟုတ်ဘူးလေ.. Hyung က အတိတ်မေ့နေတာ ဆိုတော့ လမ်းတွေဘာတွေ ပျောက်နေမှာ စိုးလို့ပါ"
"အတိတ်မေ့တာ မဟုတ်ဘူး ငါ အကုန်မှတ်မိတယ် ဒီဘက်ဘဝနဲ့ ပတ်သက်ပြီးတော့ပဲ ဘာမှမသိတာ ရှင်းလား.. လူကို ကျပ်မပြည့်တဲ့သူလို ဆက်ဆံ မနေစမ်းနဲ့"

မိုးလင်းတာနဲ့ အကြောင်းတခုမဟုတ် တခုကြောင့် ဆူညံ့နေတတ်တဲ့ တိုက်ခန်းကျဉ်းလေးမှာ ဂျာမန် Jimin ရောက်လာတာ တစ်ပတ်နီးပါးရှိပြီမို့ အော်ဟစ်သံတွေကို အရာရာက နေသားကျနေသယောင် တိတ်ဆိတ်နေလေသည်။

Amor is so DummWhere stories live. Discover now