Unicode;
"အများကြီး ထည့်စားနော်"
ထမင်းပန်းကန်ထဲ ဟင်းတွေ တသီတတန်းကြီး ထည့်ပေးနေတဲ့ အမေဖြစ်သူကြောင့် Jimin စိတ်ထဲ ကျေနပ်နေမိတာ အမှန်။ ဘဝမှာ အစာစားနေတဲ့ အချိန် အနားထိုင်ပြီး ဂရုစိုက်ခဲ့တာ ဒီ Park Jimin ဖြစ်မလာခင် အထိ ကြုံခဲ့ဖူးတာမှ မဟုတ်တာ။ ပြီးတော့ အဖေနဲ့ ကျန်ရှိနေခဲ့ကတည်းက အဖေက သွေးအေးပြီး ဂရုမစိုက်တတ်တဲ့ သူမျိုးမို့ မိဘဆီက ရတဲ့ နွေးထွေးမှုမျိုးကို အခုမှ ခံစားရတာမလား..။
"Jungkook ရော Jimin နဲ့ အတူဝင်စားလေ.. မနက်စာ မစားခဲ့ရဘူးဆို"
မီးဖိုဆောင် တံခါးပေါက်ဘက် လှည့်ပြောနေတဲ့ အမေ့ကြောင့် Jimin လှည့်ကြည့်လိုက်တော့ ဘယ်ကတည်းက ရပ်ကြည့်နေမှန်း မသိတဲ့ Jungkook က အတောက်ပဆုံး ပြုံးလျက်
"နေပါစေ ယောက္ခမကြီးရဲ့.. ဟီး Hyung စားပြီးမှပဲ စားပါ့မယ်"
"ဒါဆိုလည်း ဘာလို့ရပ်ကြည့်နေသေးလဲ"
"သားကို စိတ်ပူလို့ နေမှာပေါ့"အမေ ဝင်ဖြေလိုက်တဲ့ စကားကြောင့် Jimin နှာခေါင်းသာ ရှုံ့လိုက်မိသည်။ Jungkook က ဘာမှမဖြေပဲ ခေါင်းကုတ်ရင်း ရယ်ကျဲကျဲဖြင့်သာ မီးဖိုဆောင် တံခါးဝနားက ထွက်သွားဖို့ ပြင်နေလေမို့
"ဟိတ် ဘယ်သွားမှာလဲ.. မနက်စာ မစားရသေးတာကို တခါထဲ ဝင်စား"
Jimin အော်သံကြောင့် အမြဲ တောက်ပတတ်တဲ့ Jungkook မျက်နှာ နှစ်ဆပိုဝင်းသွားသလို ရယ်ပြရင်း Jimin ဘေးနား ဝင်ထိုင်ကာ ထမင်းပေါင်းအိုးလေးထဲမှ ထမင်းအား ခူးရင်း
"Hyung ခေါ်တာနော်"
"မခေါ်မချင်း လဒလို မှိုင်တွေပြီး ရပ်နေတာကျ ထည့်ပြောလေ"
"ဟဲ့.. ကိုယ့်ယောက်ျားကို"အမေက Jimin လက်မောင်းအား ဖြန်းခနဲ ရိုက်လိုက်သည်မို့ Jimin ဆက်မပြောတော့ပဲ ဆူပုတ်နေလိုက်သည်။
"မိန်းကလေးနဲ့ ယောက်ျားလေးနဲ့မှ မဟုတ်ဘူး.. ကိုယ်တိုင်က ယောက်ျားလေး ဖြစ်နေရင်လည်း ကိုယ် ယူထားတဲ့ ယောက်ျားအပေါ် လေးစားသမှုရှိရတယ် ပြီးတော့ မင်းက သူ့မျိုးရိုးကို ယူထားတာလေ အဲ့တော့ အိမ်ထောင်ဦးစီးကို မဆဲရဘူး မငေါက်ရဘူး.. ဒါမှ တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝလေး.."
"ဒါဆို အမေဆိုလိုက သူက ကျွန်တော့်ကို ဆဲရင်ရတယ် ကျွန်တော်က သူ့ကို ဆဲလို့မရတော့ဘူးလား နာမည် ရှေ့စာလုံးလေး အတွက်နဲ့လေ"
ŞİMDİ OKUDUĞUN
Amor is so Dumm
Hayran KurguAmor {proper noun} god of love, son of Venus, Cupid. (Unicode +Zawgyi) Unicode; ငါရှိရမယ့် နေရာအမှန်က ဂျာမနီမှာလည်း မဟုတ်ဘူး တောင်ကိုရီးယားမှာလည်း မဟုတ်ဘူး... မင်းရဲ့ဘေးမှာ...။ Zawgyi; ငါရှိရမယ့် နေရာအမ...