Unicode;
'Oh Hello New world~~
လက်နှစ်ဖက်ကို စုစည်းပြီး အော်ဟစ်လိုက်ရင်~~
အပြာရောင် ကောင်းကင်ကြီးက ငါ့ဆီကို ရောက်လာသလို~~'သီချင်းလေးညည်းရင်း Jungkook အဝတ်ဗီရိုလေး ဖွင့်ကာ အင်္ကျီရွေးနေလေသည်။ ဒီနေ့မှ ရာသီဥတုကလည်း သာယာနေသလို ညနေဆည်းဆာ တိမ်တောက် နေတာလေးက အစ ကဗျာဆန်ဆန် လှနေသလိုမျိုး...။
'ပေါချောင်ကောင်း တွေ ဝတ်မလာနဲ့' ဆိုသည့် ဆရာကြီးပေါက်စရဲ့ မက်ဆေ့လေးကြောင့် Jungkook ဗီရိုဖွင့်ကာ အဝတ် တစ်ထည်ပြီး တစ်ထည် ရွေးချယ်နေမိသည်။"စားသောက်ဆိုင်ကြီးသွားဖို့ ငါ့မှာဘာလို့ လိုက်ဖက်တာတွေ မရှိရတာလဲ... ကျစ်.. အိမ်က ထွက်လာရင်လည်း အနည်းဆုံး အဝတ်တွေတော့ သယ်ခဲ့ရမှာကို ငါက တကယ်ပဲ Jimin Hyung ပြောသလို တုံးနေလား"
အိမ်နေရင်း ဝတ်တီရှပ်အပွကြီးများနှင့် အလုပ်သွားသည့် Suit သုံးလေးစုံမှ တပါး ထွေထွေထူးထူးမရှိသည်မို့ Jungkook စိတ်တိုင်းမကျမိ။
"မဖြစ်တော့ဘူး.. ပွဲသွားပွဲလာ Suit ကောင်းကောင်းလေး တစ်စုံလောက်တော့ ဝယ်မှ ဖြစ်မယ်.. မဟုတ်ရင် စုတ်တီးစုတ်ပဲ့တွေ ဝတ်လာရသလားဆိုပြီး အတီးခံရလိမ့်မယ်"
ထိုင်ကာ ဖုန်းလေးနိုပ်ရင် Branded ဆိုင်တွေရဲ့ Website ကနေ ရွေးချယ်နေလိုက်သည်။ စိတ်တိုင်းကျ တစ်စုံတွေ့မှ ငွေလွှဲရန် ဘဏ်အကောင့်လေးထဲ ဝင်တော့ တစ်ပြားမှ မရှိတော့..။ ဟုတ်သားပဲ ဟိုတစ်ခါ ဆရာကြီးပေါက်စကို ဖိနပ် ဝယ်ပေးလိုက်တုန်းက မလောက်လို့ Black card ထဲကတောင် ဆွဲခဲ့ရသေးတယ်..။ အကြာကြီး ထိုင်စဉ်းစားနေပြီးမှ ဗီရိုအောက်ဆုံးက Hoodie အဖြူလေးကို ဆွဲထုတ်လိုက်သည်။ ထို Hoodie လေး၏ အိပ်ထောင်လေးထဲ နိူက်ကာ Black Card လေး ထုတ်လိုက်ပြီး Yoongi ဆီ ဖုန်းလှမ်းဆက်လိုက်သည်။
"Hyung ကျွန်တော့်ကို တစ်ခုလောက်ကူညီပါဦး.. **** website က အင်္ကျီလေးကို Hyung ကဒ်နဲ့ ငွေခဏ ချေပေးပါ့လား.. ကျွန်တော့်ကဒ်ကနေ တိုက်ရိုက်သုံးလို့ အဆင်မပြေလို့ Hyung card ထဲ ကျွန်တော် ငွေလွှဲလိုက်မယ်... ဟုတ်တယ် Hyung.. ကူညီပေးလို့ ကျေးဇူးပါ Hyung ရာ.. ဟုတ် ဟုတ် ကျွန်တော့်လိပ်စာပဲ အခု ပို့ခိုင်းလိုက်တော့.. ဟုတ်"
YOU ARE READING
Amor is so Dumm
FanfictionAmor {proper noun} god of love, son of Venus, Cupid. (Unicode +Zawgyi) Unicode; ငါရှိရမယ့် နေရာအမှန်က ဂျာမနီမှာလည်း မဟုတ်ဘူး တောင်ကိုရီးယားမှာလည်း မဟုတ်ဘူး... မင်းရဲ့ဘေးမှာ...။ Zawgyi; ငါရှိရမယ့် နေရာအမ...