THE LOVE STORY OF VAMPIRE

7.9K 333 0
                                    

EP(1) ;first meets with joongin

ဒီဇာတ်လမ်းလေးထဲမှာတော့ exo member တွေနဲ့အတူ yeonsoo(d.o) ဆိုတဲ့ကောင်မလေးတယောက်----

သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက် ရဲ့ဇာတ်လမ်းလေးကို Diary သဖွယ်ရေးထားတာပဲဖြစ်ပါတယ်။feedback လေးတွေ votes လေးတွေ စောင့်မျှော်နေမယ်နော်---

12.4.2011

Yeonsoo's pov

ကျွန်အဖေဖေဆုံးပြီးတော့ ဆေးရုံစရိတ်တွေ ပေး။အကြွေးဆပဆပ်စရာရှိတာတွေဆပ်နဲ့ နောက်ဆုံး Seoul မြို့ကကျွန်မတို့အိမ်လေးကိုရောင်းချလိုက်ရပါတော့တယ်။မမျှော်လင့်ပဲဆေးရုံမှာ အဖွားရဲ့ ငယ်သူငယ်ချင်းဖြစ်သူ li အဖွားနဲ့ပြန်ဆုံပြီအဖွားli က gangwindo မရှိတဲ့အိမ်မှာလိုက်နေဖို့ ပြောပါတယ်။သားသမီးတွေကလည်းနိုင်ငံခြားရောက်နေတာကြောင့်တယောက်တည်းအထီးကျန်ဖြစ်နေတဲ့ အဖွားကို ပထမတော့အားနာပမယ့်နောက်တော့ Seoulကအိမ်စရိတ်ကိုမနိုင်တာက တကြောင်းကြောင့် အဖွားli နေတဲ့ gangwindoကိုလိုက်နေဖို့ကျွန်မတို့ဆုံးဖြတ်လိုက်ကြပါတယ်

13.4.2011

Seoul မြို့ကြီးကိုခွဲခွါပြီး ကျွန်မတို့မိသားစုလေး ဂန်ဝနိဒိုမြို့လေးဆီကို ပြောင်းရွေ့လာခဲံပါတယ် လမ်းတလျောက်လုံးတောင်တန်းတွေနဲ့စိမ်းလန်းစိုပြေလို့်

တရေးလောက်ကျွန်မ အိပ်ပျော်သွားပြီးနိုးလာတော့ တောင်တန်းတွေပတ်ချာလည်ကာရံထားပြီးသာယာလှတဲံမြို့လေးကိုတွေ့လိုက်ရပါတယ်။အိမ်ပြောင်းပြီး thingsတွေကို နေရာချပြီတော့ သာယာလှတဲ့ပတ်ဝန်းကျင်လေးကို ခဏလေ့လာချင်တာကြောင့်ုခြံထဲဆင်းပြီးလမ်းလျှောက်နေခဲ့ပါတယ်။ပတ်ဝန်းကျင်က သစ်ပင်လေးတွေကို လိုက်ကြည့်ရင်း ဘေးခြံကို မျက်စိတချက်ရောက်သွားမိပါတယ်။

ခနိးနားလှတဲ့ အိမ်ကြီးပါလား နယ်မှာဆိုပေမယ့်နှစ်ထပ်အိမ်ကြီးက လှလည်းလှ ငြီးလည်းကြီးပါတယ်။ဘယ်လိုလူတွေများနေတာလည်းမသိဘူးလို့စပ်စုချင်စိတ်နဲ့ ခြံအပြင်ထွက်ချောင်းမယ် လုပ်တော------

့ ကျွန်မအနားကို စက်ဘီးတစီး ဝှီး ကနဲ ထိုးရပ်လိုက်တယ်။လှည့်ကြည့်လိုက်တော့ စက်ဘီးပေါ်က ကောင်လေးက ကျွန်မကိုခပ်တည်တည်နဲ့သေချာစိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။

အရပ်မြင့်မြင့်အသားညိုညိုနဲ့ ကျောင်းဝတ်စုံဝတ်ထားတဲ့ မြင်သမျှကောင်မလေးတွေ ရူးစေလောက်တဲ့ ဆွဲဆောင်မှူရှိတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရတယ်။

သူ့ဘာသာသူဘယ်လောင်ပဲချောပါစေကျွန်မကိုသူက မသကာသလိုမျက်လုံးနဲ့ ကြည့်နေတာကိုတော့ ကျွန်မမကြိုက်တာအမှန်ပါပဲ။ကျွန်မလည်းသူ့ကိုခတ်တည်တည်နဲံ့ပြန်ကြည့်လိုကါတော့သူကခုနကကျွံန်မချောင်းနေတဲ့ခြံ ကကောင်လေးပါလား။

ဟီး-----

မျက်နှာပူလိုက်တာနော်။ကျွန်မလည်းရှက်ရှက်နဲ့ ခြံထဲပြန်ဝင်လာခဲ့တယ်။တကယ်ကိုမထင်မိတာကတော့ အဲဒိကောင်လေးက တချိန်ကျွန်မ သိပ်ချစ်ရတဲ့သူုဖြစ်လာမယ်ဆိုတာပါပဲ။

to be continued---

THE LOVE STORY OF VAMPIREWhere stories live. Discover now