Kai.....မင်းလာပြီလား?
Kai-;ဆရာ--ကျွန်တော်လာမယ်ဆိုတာ ကြိုသိနေတာလား?
မင်းအတွက် ဟို soo---ဆိုတဲ့ကောင်မလေး ပေါလာတဲ့အချိန်ကစပြီး ငါစိတ်ထဲမှာ တနေ့မင်းငါ့ကိုလာရှာမယ်ဆိုတာကိုကြိုတွက်ထားပြီးသားပါ---ဒါပေမယ့် ဒီလောက်မြန်မြန်ကြီးရောက်လာတာကတော့---
Kai-;ဆရာ ကြိုသိနေတယ်ဆိုတော့ ဆရာက ကျွန်တော့်အကြောင်းတွေကို သိနေတယ်လို့ဆိုလိုတာပေါ့---
ကောင်လေး--မင်းအကြောင်းကို ငါကသိရုံတာမကဘူး---မင်းကို ကယ်တင်ခဲ့တာလည်း ငါပဲလေ---
မင်းခြောက်ထဲကျပြီး ဒဏ်ရာတွေနဲ့ သေလုဆဲဆဲဖြစ်နေတဲ့မင်းကို အခုလိုအခြေနေဖြစ်အောင် လုပ်ပေးခဲ့တဲ့ တစ်ဦးတည်းသော ကျေဇူးရှင်ကလည်း ငါပဲ kai.....
Kai-;အဲဒါဆို ဆရာက ကျွန်တော် joongin ဆိုတာကို သိနေခဲ့မှာပေါ့နော်၊ ကျွန်တော်က soo ရဲ့ အချစ်ရဆုံးသူဆိုတာလည်း ဆရာကြိုသိနေခဲ့မှာပေါ့-----
အေး ----သိတယ်၊သိပ်သိတာပေါ့---နောက်ထပ်သိတာ တစ်ခုက အဲဒိကောင်မလေးက မင်းအတွက်ပေးဆပ်ဖို့ မင်းအနားကို ပြန်ရောက်လာတဲ့သူပဲ--အဲဒါကြောင့် မင်းကိုငါက----
KAI-;အခု ဆရာက ကျွန်တော့်ကို soo ရဲ့သွေးကို စုပ်ခိုင်းနေတာလား--လုံးဝမဖြစ်နိုင်ဘူး--ကျွန်တော်က ဘာ့ကြောင့် ကိုယ်ချစ်တဲ့သူကို နာကျဉ်အောင်လုပ်ရမှာလည်း? ဘယ်လိုမှ မဖြစ်နိုင်ဘူး---
မင်း--အဲဒါနာကျဉ်အောင်လုပ်တာမှ မဟုတ်တာ၊မင်းသူ့သွေးကို စုပ်လိုက်လို့ရှိရင် သူကောမင်းကော တစ်သက်လုံး vampire ဘဝနဲ့ အတူတူနေသွားလို့ရပြီလေကွာ---
Kai-;မဖြစ်နိုင်ပါဘူး၊လုံးဝကို ကျွန်တော် မလုပ်နိုင်ဘူး၊ဒါနဲ့ဆရာ ကျွန်တော်က ဘာလို့ ဒီအကြောင်းတွေအကုန်လုံးကို သတိမရတော့တာလည်း?ပြီးတော့ soo ပြောတဲ့ ကျွန်တော့်ရင်ဘတ်က tatoo ဆိုတာကကော ---? ဆရာ တမင် ဖျောက်ထားခဲ့တာလား?
Haa....ha ha ha ha......kai..kai...အယ်--မဟုတ်သေးပါဘူး---joongin. .မင်းက ခုမှ 3နှစ်ပဲ သက်တမ်းရှိသေးတဲ့ vampire လေးတစ်ကောင်ပါကွာ--အင်းပေါ့လေ----အဲဒိတော့လည်း မင်း ငါတို့ vampire တွေ အကြောင်းကို ဘယ်အကုန်သိနိုင်ပါ့လည်း? ငါပြောပြမယ်၊သာမာန် လူတစ်ယောက်က vampire အဖြစ်ပြောင်းသွားပြးဆိုရင် သူ့မှာ လူ့ဘဝက ပါတ်သက်ခဲ့ဖူးတဲ့ မှတ်ညာဏ်တွေကော၊အမှတ်အသားတွေ အကုန်လုံး ပျောက်ကွယ်သွားကြရတယ်၊အကယ်၍ မင်းပြန်သိချင်တယ်ဆိုရင်တော့ ရပါတယ်၊ငါ့ဆီမှာ ဖန်ပုလင်းလေးတစ်လုံးရှိတယ်၊မင်းနဲ့ ပါတ်သက်သမျှ လူ့ဘဝက အကြောင်းတွေကို ထည့်ထားတဲ့ human memory လို့ခေါတဲ့ ပုလင်းလေးပေါ့--
YOU ARE READING
THE LOVE STORY OF VAMPIRE
Fanfictionဒီ fic လေးကတော့ ကျွန်တော့်ရဲ့ ပထမဆုံး ရေးဖူးတဲ့ fic လေးပါ။ဘယ်လို ဘဝမျိုးပဲ ရောက်ရောက် ကိုယ်ချစ်တဲ့သူကို မပြောင်းလဲပဲ ထာဝရပေးဆပ်ပြး ချစ်နေတယ်ဆိုတဲ့ အကြောင်းကို ရေးထားခြင်းဖြစ်ပါတယ်။