Love story of vampire
Ep (22) how can I believe?
12.22.2011
မနက်ဖြန်ဆို ကျွန်မ ဂန်ဝန်ဒိုကို ပြန်တော့မှာ မို့ ဒီနေ့ညမှာ ပစ္စည်းတွေ သိမ်းဆည်းလို့ နေပါတယ်၊စိတ်ထဲမှာလည်း မနက်ဖြန်ရောက်တာနဲ့ သူနဲ့တွေ့ရတော့မှာမို့ တွေးပြီးပျော်နေမိပါတယ်၊မနက်ဖြန်ရောက်ရင် ကျွန်မ ချစ်ရတဲ့ joongin နဲ့ရော ကျွန်မချစ်ရတဲ့ မိသားစုတွေနဲ့ပါ ပြန်လည်ဆုံတွေ့ရတော့မှာမို့ အရမိးကို ပျော်နေမိပြီး စိတ်ပါလှုပ်ရှားနေမိတယ်၊ကျွန်မ ကသာ တွေးပြီးပျော်နေမိတာပါ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး ခုထိ သူနဲ့ ဖုန်းအဆက်သွယ်မရတာ 4၊5 ရက်လောက်ရှိပြီ၊အွန်လိုင်းပေါကလည်း မတွေ့ဖြစ်ဆိုတော့ ကျွန်မ သူ ဘာများဖြစ်လည်းဆိုပြီး စိတ်တောင်ပူနေမိတယ်၊ဒါပေမယ့်လည်း သူ့ထုံးစံအတိုင်း ကျွန်မကို ဘာ surprised လုပ်မလို့လည်း မသိဘူးဆိုပြီးတာ့လည်း စိတ်ထဲမှာ စဉ်းစားနေမိပြန်ပါတယ်၊
ည7 နာရီလောက်ရောက်တော့ ကျွန်မဆီကို ဖုန်းတစ်ခု ဝင်လာပါတယ်၊
ကျွန်မလည်း သူ့ဆီက လာတဲ့ ဖုန်းထင်လို့ အပြေးလေးကိုင်လိုက်မိတယ်၊
ဒါပေမယ့် နံပါတ်ကို ကြည့်လိုက်တော့-
-yeol ဖုန်းနံပါတ်ကြီးပါလား----yeol ဘာကိစ္စနဲ့ ဖုန်းဆက်တာပါလိမ့်--အော်--ကြည့်ရတာ joongin ကများဆက်ခိုင်းတာလားမသိဘူး! ကျွန်မ လည်း ကိုယ့်အတွေးနဲ့ ကိုယ်ရူးနေရတာပေါ့နော်(သူငယ်ချင်းတို့လည်း ချစ်သူထားဖူးတဲ့ သူတိုင်းအဲလို ကိုယ်ချစ်တဲ့ သူဆီက ဖုန်းမလာရင် လာသမျှ ဖုန်းတွေကို သူ့ဆက်တာများလားဆိုပြီး ရင်ခုန်မျော်လင့်ခဲ့ကြဖူးမှာပေါ့နော်)
ကျွန်မလည်း yeol ဘာများပြောမလည်း ဆိုပြီး ဖုန်းကိုင်လိုက်တော့---
Yawbosaeyo. ...yeol---ဘာကိစ္စရှိလို့လည်း?
Yeol-:nuna.....nuna အခု အဆောင်ပြန်ရောက်နေပြီလားဟင်? ကျွန်တော်ပြောတဲ့ စကားကို စိတ်အေးအေးထားပြီး နားထောင်နော်၊နူနာ-'-
Yeol ပြောတဲ့ စကားသံတွေက ကြေကွဲဝမ်းနည်းနေတဲ့ အသံ၊ပြီးတော့လည်း ကျွန်မကို စိတ်အေးအေးထားပြးနားထောင်ဆိုတော့--'ကျွန်မ ရင်ထဲမှာ ထိတ်ခနဲ စိုးရိမ်စိတ်တွေနဲ့ စို့နင့်သွားတယ်၊
YOU ARE READING
THE LOVE STORY OF VAMPIRE
Fanfictionဒီ fic လေးကတော့ ကျွန်တော့်ရဲ့ ပထမဆုံး ရေးဖူးတဲ့ fic လေးပါ။ဘယ်လို ဘဝမျိုးပဲ ရောက်ရောက် ကိုယ်ချစ်တဲ့သူကို မပြောင်းလဲပဲ ထာဝရပေးဆပ်ပြး ချစ်နေတယ်ဆိုတဲ့ အကြောင်းကို ရေးထားခြင်းဖြစ်ပါတယ်။