falling in love with joongin

2.5K 226 1
                                    


EP (4) falling in love with joongin

ဒီနေ့ကနေစပြီးတော့သူ့ကို စာသင်ပေးရတော့မှာ

အခန်းထဲကိုဝင်သွားတော့သူက ကျွန်မကို ထိုင်ပါ၊နူနာ

အင်း၊ကျေဇူးတင်ပါတယ်၊၊ဘာပြောရမှန်းလည်း မသိတော့ဘူး၊လက်တွေကအေးနေတယ်၊နောက်တော့ joonginစာအုပ်ပြ၊ကျောင်းကစာအုပ်ပေးလေ၊ဘယ်ရောက်နေပြီလည်း၊

ဟင်----baek စာအုပ်ထဲမှာကျတော့ ဒီထက်ကျော်နေပြီနော်၊အတန်းမတက်ဘူးလား၊joongin၊

ဟို----အကတိုက်စရာရှိတာနဲ့

ဒါဆိုကျောင်းပြေးထားတာပေါ့၊မပေါ့နဲ့တော့နော်၊အခုအထက်တန်း ဒုတိယနှစ်တောင်ရောက်နေပြီနော်၊

သူ့ကိုကြည့်ရတာစာကိုသိပ်စိတ်မဝင်စားပဲ အက ကိုပဲအားသန်နေတယ်၊

အခု ဒီကနေ-ဒီအထိကျက်မယ်၊မရရင်အမလည်း မပြန်ဘူး

ဟာ--ဒါဆိုဒီမှာပဲ ညအိပ်မှာလား၊

အန်၊ဘာ--အိမ်နီးတာပဲဟာ ဒီစာမရရင်မင်းလည်းမအိပ်ရဘူး၊အမလည်း မအိပ်ဘူး၊

ဒီလိုနဲ့ တနေ့ပြီးတနေ့ သူနဲ့ကျွန်မ ရင်းနီးလာပါတယ်၊တခုက သူစကားပြောရင်အမြဲရှက်ကိုးရှက်ကန်းနဲ့ မေးစရာရှိတာတွေလည်းသေချာမမေးရဲဘူး၊ပြီးတော့ကျွန်မမျက်လုံးကို သူဘယ်တော့မှစေ့စေ့မကြည့်ဘူး၊အမြဲ အကြည့်ကိုလွဲ ပလိုက်တယ်၊ထားပါတော့၊

20 .5.2011

ကျွန်မထမင်းစားနေတုန်း joonginအမေ အိမ်ထဲကို ပျာပျာသလဲနဲ့ ရောက်လာပါတယ်၊

ဘာဖြစ်လို့လည်းအန်တီ၊

Ji oma-;သမီးရေ၊အခုပဲကျောင်းကဖုန်းဆက်တယ်joongin ကျောင်းမလာဘူးတဲ့၊အန်တီက အတန်းပိုင်ဆရာမကို မှာထားတယ်၊သူကျောင်းလာရင်ဖုန်းဆက်ပါလို့ပေါ့၊အခု သူ့ဆရာမက ဖုန်းဆက်တယ်၊သူကျောင်းမလာဘူးတဲ့၊သမီးလိုက်ရှာပေးပါလား၊အိမ်မှာလည်း သူ့အဖေနဲံ့ အမတွေက ဆိုးလ်သွားကြတယ်လေ၊ဘယ်သူမှ မရှိဘူး၊သမီးကို အကူညီတောင်းပါတယ်၊လိုက်ရှာပေးပါနော်

ဟုတ်ကဲ့ ၊အခုသွားရှာလိုက်ပါ့မယ်အန်တီ

ကျွန်လည်းတော်တော်ကို စိတ်ပူသွားတယ်

THE LOVE STORY OF VAMPIREDonde viven las historias. Descúbrelo ahora