THE LOVE STORY OF VAMPIRE

2.3K 190 3
                                    

LOVE STORY OF VAMPIRE

EP (7)

ဒီနေ့ညနေ joonginဆီကို ကျရှင်ဝင်ပေးရမယ့်နေ့၊ကျွန်မသူ့မျက်နှာကို ဘယ်လို ရင်ဆိုင်ရမှာလည်းဟင်၊ခါတိုင်းလို ခံစားချက်တွေကိုတိတ်တဆိတ် ရင်ထဲမှာပဲဆက်ပြီးဖုံးကွယ်ထားလို့ရနိုင်ပါတော့ မလား၊သူ့ရဲ့ ရင်ဖွင့်သံစကားတွေကိုနားထောင်ခဲ့ရပြီး တလစပ်ခုန်နေတဲ့ ကျွန်မနှလုံးကိုဘယ်လိုလုပ် ဟန်ဆောင်ဖို့လွယ်ကူနိုင်ပါ့မလည်းနော်၊အော်---ကိုယ်ချစ်ရတဲ့သူရှေ့မှာ မချစ်ဟန်ဆောင်ရတာဟာ လောကကြီးမှာ အခက်ခဲဆုံး သရုပ်ဆောင်ပညာတခုလို့ သိလိုက်ရပါတယ်၊

Joongin အိမ်ကိုရောက်သွားတော့ ကျွန်မနဲ့ ရင်းနှီးနေပြီဖြစ်တဲ့ သူ့ခွေးလေးmonguကလာကြိုပါတယ်၊အမြီးလေးနှန့်လို့ ---'ခါတိုင်းဆို သူကပါအိမ်ဝကနေ လာကြိုနေကြ၊ဒီနေ့တော့ သူ့ကိုမတွေ့ရပါဘူး

တုန်ယင်နေတဲ့ ကျွန်မလက်တွေက သူ့အခန်းတခါးကို လှည့်ဖွင့်လိုက်တော့---

ငြိုးနွမ်းပြီး စိတ်ဓါတ်ကျနေတဲ့ပုံနဲ့ စားပွဲကို မေးစေ့ထောက်ထားတဲ့ joonginကို တွေ့လိုက်ရပါတယ်၊မျက်လုံးတွေကလည်းမို့လို့---ကြည့်ရတာအရမ်းငိုထားတာများလား---

ကျွန်မတံခါးဖွင့်တာတောင်သူ ကျွန်မကိုလှည့်မ့ကြည့်ဘူး---ကျွန်မရင်ဝကို ဆီးကန်လိုက်သလိုပဲ သူ့ကိုမြင်ရတာဆို့နင့်လို့သွားပါတော့တယ်၊

Joongin-စာတွေရပြးလားသန်ဘက်ခါဆို စာမေးပွဲနော်၊စာအုပ်ထုတ် revision ပြန်ရအောင်၊မရတာတွေလည်း တခါတည်းကျက်မယ်နော်၊လေသံမာမာနဲ့သူ့ကိုပြောလိုက်ပါတယ်၊

သူစာသင်တာ စိတ်ကိုမပါဘူး၊သူ့ကြည့်ရတာစိတ်မဝင်စားဘူးနဲ့တူတယ်၊

Joongin yaမင်းဘာဖြစ်နေတာလည်း၊စာမေးပွဲကဖြင့် သန်ဘက်ခါကို ဘာတွေဖြစ်နေတာလည်း၊စာကျက်ရမှာကိုစိတ်မပါသလိုနဲ့---

Joongin-; inn ဟုတ်တယ်၊ကျွန်တော်စိတ်မပါဘူး၊ဘာလို့မပါလည်းဆိုတာလည်း နူနာသိတာပဲ--

ဟန်---

Joongin-; မဟန်ပါနဲ့--အခု ကျွန်တော့်ရင်ဘတ်ကြီးတခုလုံး ပြောင်းဆန်နေသလိုပဲ သိရဲံ့လား နူနာ၊စာကျက်ဖို့နေနေသာသာ ကိုယ့်ကိုတိုင်တောင် အသက်ရှင်ဖို့ခဲယဉ်းနေသလိုပဲ--နူနာသိရဲ့လား၊တခါမှ အဲဒိလောက်နာကျဉ်မှုမျိုး မခံစားဖူးဘူး၊

THE LOVE STORY OF VAMPIREWhere stories live. Discover now