EP (5) can't be hidden our love anymore
သူမေးတဲ့မေးခွန်းကို ကျွန်မဘယ်လိုပြန်ဖြေရမှာလညါးဟင်၊---
-အရမ်းစိတ်ပူသွားလို့ပါ၊ဒီလိုပဲဖြစ်တတ်တယ် မဟုတ်လား၊ကိုယ်နဲ့ ဘာမှမသိတဲ့လူတယောက် ဒီလိုဖြစ်နေတာတွေ့ရင်တောင်ရုတ်တရက်ဆိုတော့ အဲလိုဖစ်တတ်တာပဲမဟုတ်လား၊
Joongin မျက်နှာပျက်သွားတယ်၊
ဒီလိုမှ မဖြေရင်ကျွန်မ ဘယ်လိုဖြေရမှာလည်း!သူက ကျွန်မထက်ငယ်တယ်၊ပြီးတော့ အခုမှအထက်တန်းကျောင်းသားလေး၊သူစာကျက်ပျက်မှာကိုလည်းစိုးရိမ်မိတယ်၊ကျွန်မက ကလေးကို ပျက်စီးအောင်လုပ်မိမှာလည်းစိုးမိတယ်၊အဲဒါတွေကြောင့်ကျွန်မလိမ်လိုက်မိတာပါ၊ဒါပေမယ့် ချက်ချင်းဆိုသလို သူစိတ်ဆိုးသွားတယ်နဲ့တူတယ်၊အသံကျယ်ကြီးနဲ့ ကျွန်မကို--
Joongin-;ဒါဆိုနူနာက ဘယ်သူမဆို ဒီလိုကားတိုက်တာကိုတွေ့ရင် ဖက်ပြီးငိုမယ်ပေါ့၊
ဟာ၊အဲလိုလည်း--ဘယ်ဟုတ်ပါ့မလည်း၊
သူစိတ်ဆိုးတာကိုတွေ့လိုက်တော့ကျွန်မ ရင်ထဲမှာ --ဘယ်လိုပြောရမလည်း၊အရမ်းကိုအရေးကြီးတဲ့ အရာတခုကို ပျောက်ဆုံးသွားရတော့မလိုပဲ၊တအားကိုစိုးရိမ်မိသွားတယ်၊ကျွန်မကိုယ်ကျွန်မတောင် မသိလိုက်ပဲ----
အဲလိုလည်း ဘယ်ဟူတ်ပါ့မလည်း၊နူနာလည်းအဲဒိတုန်းက ကိုယ့်ကိုကိုတောင် ဘယ်လိုဖြစ်သွားလဲမသိလိုက်မိဘူး၊အရမ်းကို စိတ်ပူပြီးတော့ လူကပူထူသွားတယ်၊
သူတခုခုကို နားလည်လိုက်သလိုပုံနဲ့ မခို့တရို့လေးနဲ့ ပြုံးလိုက်ပြီး ကျွန်မကို ကြည့်နေတယ်၊
ဘုရား၊ဘုရား ငါဘာတွေများ ပြောလိုက်မိပြီလည်း၊ကျွန်မကိုယ်တိုင်တောင်မသိတော့ပါဘူး၊ဒါနဲ့ စကားလွဲ လိုက်ပြီး--
ဒါပဲကျန်တော့တယ်၊မြန်မြန်လေးစားလိုက်အုံးဆေးသောက်ရအုံးမယ်၊လို့ပြောပြီး သူ့ပါးစပ်ထဲကို ဆန်ပြုတ်တွေခွန့်ကျွေးလိုက်တယ်၊ဆေးသောက်ပြီး အိပ်တော့နော်joongin.nuna ပြန်တော့မယ်၊
ပြန်တော့မလို့လား၊ခဏလေး၊ကျွန်တော် နူနာသွားရင် အိပ်နိုင်မယ်မထင်ဘူး၊ကျွန်တော်အိပ်သွားတဲ့ အထိ အနားမှာနေပေးပါနော်၊
YOU ARE READING
THE LOVE STORY OF VAMPIRE
Fanfictionဒီ fic လေးကတော့ ကျွန်တော့်ရဲ့ ပထမဆုံး ရေးဖူးတဲ့ fic လေးပါ။ဘယ်လို ဘဝမျိုးပဲ ရောက်ရောက် ကိုယ်ချစ်တဲ့သူကို မပြောင်းလဲပဲ ထာဝရပေးဆပ်ပြး ချစ်နေတယ်ဆိုတဲ့ အကြောင်းကို ရေးထားခြင်းဖြစ်ပါတယ်။