no title---

1.8K 172 12
                                    

LOVE STORY OF VAMPIRE

EP (26)

အိပ်ယာနိုးတော့ ကျွန်မ မျက်လုံး ဖွင့်ကြည့်လိုက်တာနဲ့--ပိတ်ထားတဲ့ မျက်လုံးအိမ်ကနေညွတ်ဆင်းကျနေတဲ့ သူ့မျက်တောင်လေးတွေ--

နှဖူးထက်မှာ ယှက်ဖျာနေတဲ့ ပွရောင်းရောင်း အညိုရောင် သူ့ဆံပင်လေးတွေ---ဆွဲဆောင်မှုရှိတဲ့ သူ့နှုတ်ခမ်းလေး--ကလေးလေး တစ်ယောက်လို အပြစ်ကင်းစင်ပြီး အိပ်ပျော်နေတဲ့ သူ့ရဲ့ မျက်နှာလေးတွေကို မြင်လိုက်ရတဲ့ အတွက်ကျွန်မရဲ့ မနက်ခင်းဟာရှင်သန်နေခဲ့တဲ့ သက်တမ်းတလျာက် အဓိပ္ပါယ်အရှိဆုံး မနက်ခင်းလေးလို့ပြောလို့ရပါတယ်၊

Joongin ပြောသလိုပါပဲ---ညတိုင်း တူတူ အိပ်ယာဝင်ပြီး--မနက်ခင်းတိုင်းကို တူတူနိုးထချင်တဲ့ လောဘစိတ်တွေတောင် ဝင်လာမိတယ်၊

အိပ်ပျော်နေတဲ့ သူ့ကို စူးစိုက်ကြည့်နေရင်း-စိတ်ကူးတွေယဉ်နေမိတဲ့အခိုက်---

ရုတ်တရက်--ပိတ်ထားတဲ့ သူ့မျက်လုံးတစ်စုံက--ဖွင့်လာတယ်၊ပြီးတော့---

Joongin-; နိုးပြီလား?yeobo.?

စကားပြောပြီး ကျွန်မနှုတ်ခမ်းလေးကို တစ်ချက် နမ်းလိုက်တယ်၊

Gamjakgi....လန့်လိုက်တာ--

Joongin-:morning kiss လေ--yeobo....

သူကျွန်မကို ဖက်လိုက်ပြး မနက်တိုင်းဒီလိုမျိုး အတူတူ နိုးထနိုင်ရင် သိပ်ကောင်းမှာပဲနော် soo.....

Soo..လည်း အဲလိုပါပဲ Joongin ရယ်၊ဒါနဲ့ ဘယ်နှစ်နာရီတောင် ရှိပြီလည်း မသိဘူးနော်?Joongin ပြန်ရအုံးမယ်မလား? ထ၊!!

နာရီကြည့်လိုက်တော့ အခုမှ မနက် 4:30ပဲရှိသေးတယ်--

ထကြရအောင် Joongin ya...

Soo တို့ ဟန်မြစ်ကမ်းမှာ မနက်စာစားရင်း လမ်းလျောက်ရအောင်----

မနက် စောစော ဆောင်းရာသီကလည်းဖြစ်ပြန်ဆိုတော့ ဟန်မြစ် အပေါယံတစ်လျောက်နှင်းမှုန်လေးတွေနဲ့ ပြည့်နှက်လို့--ပါတ်ဝန်းကျင် ရာသီဥတုကြီးကလည်း--မြူနှင်းတွေ ပြည့်နှက်နေတာကြောင့် ရာသီဥတုကလည်း တစ်အားအေးပြီး တစ်ယောက်နဲ့ တစ်ယောက်တောင် သဲသဲကွဲကွဲ မမြင်ရဘူး၊အရှေ့အရပ်ဆီက နေမင်းကြီးကလည်းဆောင်းရာသီဆိုတော့ အိပ်ယာထနောက်ကျတယ်နဲ့တူတယ် ခုထိ မထွက်လာသေးပါဘူး---

THE LOVE STORY OF VAMPIREDonde viven las historias. Descúbrelo ahora