for u i can dare to die----

1.6K 165 4
                                    


Kim Chenyeol Min

LOVE STORY OF VAMPIRE. .

EP 34

(for u I dare to die...)

너때매..나 죽어도돼......

为了你 我敢死。。。

2.13.2014...(valentine day)မရောက်မှီည

Valentime day မရောက်မီည 11နာရီအချိန် ခွဲ တွင် ကျွန်မ အခန်းအတွင်းသို့လူတစ်ယောက်ဝင်ရောက်လာခဲ့ပါတယ်၊

စေ့စေ့လေးဟ ထားတဲ့ ဝရံတာ တံခါးမှ တဆင့် ဖြေညင်းစွာ တိုက်ခတ်လာတဲ့ အေးမြတဲ့ လေညင်းတွေနဲ့ အတူ အရိပ်တခု---နောက်တော့ ကျွန်မ ရင်းနှီးပြီးဖြစ်တဲ့ မွေးရနံ့ တို့နဲ့အတူ ယောကျားတစ်ယောက် အနားကို တဖြေးဖြေးရောက်လာခဲ့တယ်၊

ခြေသံလည်း မကြား ၊ညကမှောင်နေတာကြောင့် သူ့မျက်နှာကို မှေးမှေးလေးဖွင့်ထားတဲ့ ကျွန်မ မျက်စိတစ်စုံက မြင်နိုင်ဖို့ကျတော့ သိပ်ကို ခဲယဉ်းနေပါတယ်၊

နောက်တော့ သူကျွန်မ နွေ့ယာပေါထိုင်ချလိုက်တယ်၊

ပြီးတော့ သူ့ရဲ့ ရေခဲတမျှအေးစက်နေတဲ့ သူ့ရဲ့လက်တွေနဲ့ ကျွန်မ နဖူးထက်မှာ ကျနေတဲ့ ဆံစတွေကို ညင်သာစွာ ဖယ်လိုက်ရင်း----

ကျွန်မရဲ့ ပက်လက်အနေထားအတိုင်းထားရှိတဲ့ လက်ပေါကို သူ့ရဲ့ နွေးထွေးတဲ့ မျက်ရည်တွေ တစ်စက်ပြီးတစ်စက် ကျလာခဲ့ပါတယ်၊

"သူ ငိုနေတာပဲ"--'

အလင်းရောင်မှောင်ပြပြလေးကြောင့်သူ့မျက်နှာကို သေချာမမြင်နိုင်မယ့် ---သူ့ရဲ့ ကျွန်မ ရင်းနှိးပြီးသား ကိုယ်သင်းနံ့လေး--ပြီးတော့ သူ့ရဲ နူးညံ့တဲ့အထိတွေ့တွေအရ သေချာနေတာတစ်ခုက သူက ကျွန်မ ချစ်သူ၊မဟုတ်ဘူး ကျွန်မယောကျား joongin ပါပဲ----

"Soo"

သူ့နှူတ်ဖျားက မထင်မှတ်ပဲ soo လို့ ကျွန်မ နာမည်ကို ခေါလိုက်တဲ့ အသံကိုကြားလိုက်ရတော့ ---ကျွန်မ ကျက်သည်းများပင်ထမတတ်--

Kai-;soo ကျွန်တော်တာင်းပန်ပါတယ်soo- ရယ်၊ကျွန်တော်က ကိုယ့်ကို ဒီလောက်ချစ်တဲ ကိုယ့်မိန်းမကိုတောင် မမှတ်မိနိုင်ခဲ့တဲ အသုံးမကျတဲ့ သူတစ်ယောက်ပါ၊soo ကျေဇူးပြုပြီး ကျွန်တော့်ကို မေ့လိုက်ပါတော့---လွန်ခဲ့တဲ့ 3 နှစ်တည်းက ကျွန်တော်က သေဆုံးသွားခဲ့ပြီးပါပြီ၊jaeba....soo..

THE LOVE STORY OF VAMPIREWhere stories live. Discover now