Extra _ 2

4.5K 342 56
                                    

အလုပ်ကိစ္စတစ်ချို့ကြောင့် သုံးရက်လောက် ခရီးထွက်ခဲ့ရသည်
တစ်ယောက်ထဲ ကျန်နေခဲ့သည့် ပေါက်စကို စိတ်လည်း မချပေ ။
ခေါ်သွားဖို့ကလည်း မဖြစ်နိုင်တော့ စိတ်မချစွာနဲ့ပဲ ထားခဲ့ရပြန်သည်

အခုမှ ပထမဆုံး  တစ်ယောက်ထဲထားခဲ့ရတာဖြစ်တဲ့အတွက်  စိတ်ပူရတာက စိတ်ပူရတာပင်

အလုပ်ကိစ္စထဲ မနည်း စိတ်နှစ်ပြီး ကြိုးကြိုးစားစား လက်စသတ်လိုက်တော့ နှစ်ရက်အတွင်း ပြီးမြောက်သွားသည်

ပေါက်စလေးအတွက် suprise ဖြစ်သွားအောင်လို့
ကြိုမပြောပဲ အိမ်ကို သာ အရင်ပြန်လာခဲ့သည်

တံခါးမကြီးကို အသာ ဖွင့်ဝင်သွားတော့
မြင်လိုက်ရတဲ့ မြင်ကွင်းက လူကို တုန်လှုပ်သွားစေတယ်

ကလေးငယ် အပါအဝင် သူတို့အရွယ် လူငယ် သုံးယောက်လောက်က သောက်သောက်စားစားနှင့် ဖြစ်ချင်တိုင်းဖြစ်နေကြသည်

စားပွဲပေါ်တွင်လည်း ဝိုင်နီပုလင်းနှင့် ဘီယာဘူးခွံ အချို့

ပို၍ဆိုးသည်က အိမ်အဝင်ဝ ဘက်ကို ကျောပေးထိုင်နေသော
ပေါက်စလက်ထဲတွင် စီးကရက်တိုတစ်လိပ်

ခပ်သွက်သွက်လျှောက်သွားကာ စီးကရက် ကို ကိုင်ထားတဲ့ လက်ဖောင်းဖောင်းလေးကို ရိုက်ချပစ်လိုက်တော့
လန့်ဖြန့်သွားပြီး လွှတ်ချကာ ခပ်ဝိုင်းဝိုင်းမျက်လုံးလေးတွေက ကျနော့်ဆီ ရောက်လာလေတယ်

"Daddy.. ကျနော်ရှင်းပြပါ့မယ် "

ထိုနေရာမှာ ကြာကြာနေရင် ကလေးငယ်အပေါ် မလုပ်သင့်တာတွေ လုပ်မိမှာစိုးလို့
အမြန်လှည့်ထွက်လာတော့ လက်တစ်ဖက်ကို ဆွဲထားပြန်တဲ့ ပေါက်စလေး

အားနဲ့ ရုန်းပြီး ချာခနဲ လည်ထွက်သွားတဲ့ ကလေးငယ်ကိုပင် ဂရုမစိုက်ပဲ အပေါ်ထပ်ကို သာ တက်လာလိုက်တယ်

ကိုယ့်ဒေါသကို ကိုယ် အသိဆုံးမို့လို့
ဒီကိစ္စကို ​ကိုင်တွယ်မယ်ဆိုရင် အရင်ဆုံး ခေါင်းအေးအေးစဉ်းစားဖို့ လိုတယ်မဟုတ်လား

နာရီအတော်ကြာသည်အထိ ပေါက်စလေးဟာ
အခန်းအတွင်း ဝင်မလာပါ

ʙᴀʙᴇ ᴍɪɴ // YM ➹Where stories live. Discover now