_ 3 _

5.7K 565 90
                                    

ကောင်ငယ်လေး၏ ဘလင်းဘလင်း အနာဂတ်

စားပွဲဝိုင်းအသေးလေးနဲ့ မုန့်ထိုင်စားကာ ငြိမ်နေတဲ့
ပေါက်စကို တစ်ချက်ကြည့်လိုက်တော့
နေကောင်းကာစဆိုပေမယ့် ပုံစံက သိပ်ပြီး လန်းလန်းဆန်းဆန်းမရှိလှ

အခုအချိန်ထိ ရှင်းရှင်းလင်းလင်းမဖြစ်သေးသော ကိစ္စရပ်ကြောင့် တစ်ဖန် Min အိမ်တော်သို့ သွားရောက်ရမည် မဟုတ်လား

နေသိပ်မကောင်းသေးတဲ့ ကလေးငယ်ကို nam joon နဲ့
ထားခဲ့ရမှာ စိတ်ထဲ မကျေနပ်ပေမယ့်
ထို မိသားစုနဲ့တော့ လုံးဝ မပတ်သက်စေချင်တာကြောင့်
ဘယ်လိုမှ မတတ်နိုင်ခဲ့ပေ

အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ထားတဲ့ ကျနော့်ပုံစံကို
ုမမြင်ဖူးသလို ပုံစံလေးနဲ့ ကြည့်နေပြန်တဲ့ ပေါက်စလေး

"Daddy ဒီနေ့ ဒယ်ဒီ့ အဖေနဲ့ သွားတွေ့ရမယ်
မင်လေး~ အဆင်ပြေပါ့မလား ခဏနေရင်
Nam Joon မင်းကို ဝင်ကြည့်ပေးလိမ့်မယ် "

ကလေးငယ်ဟာ ခေါင်းငြိမ့်တယ်ဆိုရုံလေးသာ

" ဗိုက်ကရော နေလို့ကောင်းရဲ့လား "

"အဆင်ပြေပါတယ်
Daddy သာ မြန်မြန်ပြန်လာခဲ့နော်  "

နှုတ်ဆက်နေကျအတိုင်း ကလေးငယ်ရဲ့ နဖူးပြေပြေလေးကို ခပ်ဖွဖွလေး အနမ်းပေးလိုက်တော့
တစ်ဆင့်ခံစားမိတာက ကလေးငယ်ရဲ့ ကိုယ်ငွေ့ နွေးနွေးလေး

"မင်လေးကို ကိုယ်အခန်းထဲ ပြန်ပို့ပေးခဲ့မယ်လေ
စားလို့ ပြီးပြီမလား "

ကျနော့်စကားဆုံးတော့ လက်နှစ်ဖက်ကို ဆန့်တန်းပေးလာတယ်
ကလေးငယ်ကို ပွေ့ချီလိုက်ရင်း အခန်းဆီသို့ သွားနေစဉ်တစ်လျှောက်
လက်သေးသေးလေးတွေနဲ့ ကျနော့်ကို သိုင်းဖက်ထားပြန်တယ်

အခန်းတံခါးဝနားရောက်တော့
ကျောပြင်တစ်လျှောက် ပူနွေးသွားရတယ်

ကောင်ငယ်လေး အန်ချ လိုက်တာလား ....... ?

"အဟွတ်...အဟွတ် "

အဆက်မပျက်ထွက်ပေါ်လာတဲ့ ချောင်းဆိုးသံသေးသေးလေးမှာ မင်ယွန်းဂီဟာ ဆောက်တည်ရာမရခဲ့
ချက်ချင်းဆိုသလို စိုစွတ်သွားတဲ့ အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်ပစ်ရင်း
ကလေးငယ်ကို ချီကာ ရေချိုးခန်းထဲ ပြေးဝင်ခဲ့တယ်

ʙᴀʙᴇ ᴍɪɴ // YM ➹Where stories live. Discover now