ထင်မှတ်မထားသော _
"Happy birthday jimin "
ကိတ်ဘူး ခပ်လတ်လတ် တစ်ခုကို ကိုင်ပြီး
ဝင်လာတဲ့သူက kim nam joonတွေ့မြင်နေကျ မျက်နှာ ဆိုပေမယ့် nam joon နောက်က
ထပ်ပြီးပါလာမယ့် လူကို မျှော်လင့်နေမိသေးတယ်
သို့သော် ဆုတောင်းမပြည့်ခဲ့ပါလာတဲ့ ကိတ်မုန်လေးကို အကျအန ပြင်ဆင်ရင်း
ဖယောင်းတိုင် ထွန်းဖို့လုပ်တော့"Hyung ကျနော် Daddy ကို စောင့်ဦးမယ် "
"အာ...ဟုတ်သားဘဲ
Yoongi က မှာလိုက်တယ်
သူဒီနေ့ အလုပ်ရှုပ်နေလို့ အိမ်ပြန်နောက်ကျမယ်တဲ့ ""ကျနော့် မွေးနေ့ကို မေ့နေပြန်ပြီထင်တယ် "
Nam Joon Hyung မကြားနိုင်လောက်တဲ့
အသံတိုးတိုးလေးနဲ့ သာ ရေရွတ်ဖြစ်တယ်
အခုတစ်လော အတွင်း ကျနော် Daddy အနား
တဂျီဂျီ မနေဖြစ်တော့ပေကျနော်လည်း အသက်အရွယ်တစ်ခုကို ရောက်လာပြီဖြစ်လာတာကြောင့်ရော
လောလောလတ်လတ်မှ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ Daddy ဟာ
Min Group ၏ စီးပွားရေးကို ပြန်လည်ထိန်းချုပ်နေရတာကြောင့်ရောပေါ့" Hyung နောက်ဆိုရင် ကျနော့်အတွက်
ကိတ် မလိုပါဘူး
ကျနော်ချစ်ရတဲ့လူတွေသာ အနားမှာ ရှိနေရင်ပြည့်စုံပြီ ""Hyung မေ့နေတာ jimin လေးက
အခု ၁၆ နှစ် ပြည့်ပြီဆိုပေမယ့်
Hyung တို့ မျက်လုံးထဲမှာတော့ ကလေးလေးဘဲလေ "Nam Joon hyung နဲ့ စကားပြောရင်းနဲ့
တိုင်ပေါ်က နာရီဟာလည်း တစ်ဖြည်းဖြည်းနဲ့ ဆယ်နာရီ ထိုးလု နီး နီး"Jimin ဆယ်နာရီတောင်ထိုးတော့မယ် "
"Hyung ဆေးရုံကို ပြန်သွားရဦးမှာဘဲ
ကျနော် Daddy ကို ဖုန်းဆက်ကြည့်လိုက်မယ်နော် "ကျနော် အမှောင်ကြောက်တတ်တာကြောင့် ညနေစောင်းတာနဲ့
အိမ်ကိုပြန်ရောက်နေကျ Daddy ဟာ
ကျနော်ရဲ့ မွေးနေ့မှာတော့ ဆယ်နာရီ အထိ
ကျနော့်ဖုန်းကိုတောင် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ