Extra _1

5K 525 35
                                    


"ဂျီမင် မဆိုးနဲ့ကွာ "

မနေ့က ရေကို အကြာကြီး စိမ်ချိုးရင်း
အအေးပတ်ချင်သလို ဖြစ်နေတဲ့ပေါက်စကို
ဆေးတိုက်နေတာ

" ဂျီမင်
သောက်မှာလား မသောက်ဘူးလား "

"ခဏလေးပါ ခဏနေမှ သောက်မယ်လေ "

ဆေးသောက်မယ်ဟေ့ဆိုတာနဲ့
တစ်မျိုးပြီးတစ်မျိုးအကြောင်းပြချက်ပေးပြီး
ရှောင်ထွက်နေတာဆိုတော့ တဖြည်းဖြည်းစိတ်က မရှည်ချင်တော့ပေ

"ဂျီမင် ဆေးမသောက်ရင်
ကိုယ်နဲ့ လာမအိပ်နဲ့
ဒီအခန်းထဲမှာဘဲ အိပ်လိုက်တော့ "

တစ်ယောက်ထဲ အိပ်ပျော်သွားတိုင်း အိမ်မက်ဆိုးတွေ
မက်လေ့ရှိတဲ့ ကောင်ငယ်လေးကို ခြောက်ပြီးပြောကြည့်ပြန်တော့
နည်းနည်းလေးတောင် ဂရုမစိုက်
Okay တယ်ဆိုတဲ့ သဘောနဲ့ လက်မလေးတောင် ထောင်ပြနေလိုက်သေး

အခုချိန်ထိ ဆေးသောက်ဖို့ကို အာရုံမရသေးဘဲ
ဖုန်းတစ်လုံးနဲ့ ဂိမ်းထိုင်ဆော့နေတဲ့ အဆိုးလေးကို
ှူ့သူ့ အခန်းထဲမှာ ပစ်ထားခဲ့လိုက်တယ်

တစ်ညနေလုံး ကောင်ငယ်လေး ဖွထားတဲ့
မုန့်ထုတ်တွေကို လိုက် ကောက်သိမ်းရင်း အလုပ်တစ်ချို့ရှိသေးကြောင်း သတိရမိတော့
ဧည့်ခန်းထဲမှာ ထိုင်ကာ အလုပ်ဆက်လုပ်နေမိသည်

ကျနော်ဆိုသည်မှာလည်း အလုပ်တစ်ခုလုပ်ပြီဟေ့ဆိုရင်
ကျန်တာတွေကို မေ့သွားတတ်သည့်အထိ
အာရုံစူးစိုက်မှုက တစ်ဖက်ကမ်းလွန်နေပြန်သည်

အချိန်တွေတောင် ဘယ်လောက်ထိကြာသွားသလည်း မသိ

ဆံပင်စုတ်ဖွားနဲ့ ပေါက်စလေးဟာ အပေါ်ထပ်မှ တဖြည်းဖြည်း ဆင်းလာခဲ့တယ်
အလုပ်လုပ်နေတဲ့ ကျနော့်ရဲ့ ပေါင်ပေါ်ကို မျက်နှာချင်းဆိုင် ထို်င်ကာ ပခုံးပေါ်ကို ခေါင်းလေး မှီထားရင်း
ကပ်ချွဲနေပြန်တယ်

ပေါင်ပေါ်ကကောင်လေးကြောင့် အလုပ်ဆက်လုပ်လို့မရတာကြောင့် နာရီကို တစ်ချက်ကြည့်မိတော့ 12 နာရီတောင်ထိုးတော့မယ်

ʙᴀʙᴇ ᴍɪɴ // YM ➹Where stories live. Discover now