စတင်တွေ့ဆုံခြင်း ~ 💛
သာမန်စားသောက်ဆိုင်လေးမှာ စကားလက်ဆုံကျနေသော
အထက်တန်းလွှာက ကောင်လေးနှစ်ယောက်"အေးကွာ Yoongi ရာ
ငါတို့ ဒီကြားထဲ မတွေ့ဖြစ်တာ လေးနှစ်လောက်တောင်
ရှိပြီနော် ""မင်းပုံစံကြည့်ရတာ
အရင်လို ငါ အနိုင်ကျင့်လို့မရတော့ဘူး ထင်တယ် "အကောင်းဆုံးသောဆုလာဘ်တစ်ခုဖြစ်တဲ့ပါးချိုင့်လေးတွေနဲ့
ကောင်လေးရဲ့အမေးကို မျက်နှာချင်းဆိုင်ထိုင်နေသော
အသားခပ်ဖြူဖြူကောင်လေးက ပြန်ဖြေလိုက်ခြင်းပင်"ဒါနဲ့ ဒီအသေးလေးက
Jimin
ဟုတ်တယ်မလား ""မင်္ဂလာပါ ဦး ဦး "
NamJoon ၏ စကားကို သွက်သွက်လက်လက်ပြန်ဖြေလိုက်တာက yoongi ဘေးနားတွင် ကပ်ထိုင်နေတဲ့ အသက်ငါးနှစ်လောက်သာရှိသေးသည့်ဂျီမင်ဆိုသည့်ကောင်လေးပင်
"ဝါး... ကြည့်ပါဦး
ဒီအရွယ်တောင် ရောက်လာပြီ
သူ့ပါးလေးတွေက ငယ်ငယ်ကအတိုင်းလေးဘဲ "မျက်နှာချင်းဆိုင်ခုံကနေ ကလေးငယ်ဘေးနားကို လစ်ခနဲ
ရောက်လာတဲ့ သကောင့်သား လက်က သဲငယ်လေးရဲ့
ပါးဖောင်းဖောင်းလေးတွေဆီကို ဦးတည်နေတာကြောင့်
ချက်ချင်းဆိုသလိုnamjoonလက်ကို ဖြတ်ရိုက်လိုက်တယ်"မင်းဘီယာသောက်ပြီး
ငါ့ကလေးကို လာမကိုင်နဲ့ကွ ""မင်းကလည်းကွာ တစ်စိမ်းတွေလည်း မဟုတ်ဘဲနဲ့
ဒါလေးတောင် တွန့်တိုနေတယ် "နှစ်ယောက်လုံး စကားစမြည်ပြောရင်း
အတူတူ သောက်နေပြီး
ကောင်ငယ်လေးရဲ့ ပါးကို မထိစေချင်တဲ့ အကြောင်းပြချက်က
သိပ်ပြီး ယုတ္တိမရှိပေ........ကောင်လေးနှစ်ယောက်ရဲ့ စကားဝိုင်းဟာ တဖြည်းဖြည်း
အချိန်ကြာလာပြီဖြစ်တာကြောင့်
yoongi ဘေးနားမှာ တစ်ချိန်လုံး ထိုင်နေခဲ့တဲ့
ကလေးငယ်ဟာလည်း အိပ်ငိုက်လာပြီ ဖြစ်တယ်