_ 2 _

6.8K 667 69
                                    

ကောင်ဆိုးလေး ဘေဘီဂျီ

"ဟုတ်ကဲ့ min jimin ရဲ့
အုပ်ထိန်းသူလားရှငိ့ "

တစ်ချိန်က ငပွေလေး မင်ယွန်းဂီဟာ
အခုတော့ တနိုင်တပိုင် ခေါက်ဆွဲဆိုင်လေး ဖွင့်ထားပြီး
သူ့ အသက်ကလေး ဖြစ်သော ဘေဘီဂျီ လေး အား
ကျောင်းထားပေးလေရဲ့

အခုလည်း ကျောင်းမှာ ဂျီမင် ရန်ဖြစ်လို့ဆိုတဲ့သတင်းကြောင့်
ကမန်းကတမ်း ဆိုင်လေးပိတ်ပြီး အပြေးလာခဲ့ရတယ်

စိတ်ထဲ ဘယ်လိုမှ မဖြောင့်ပေ
ဘယ်သူက ကိုယ့်ကလေးနုနုဖတ်ဖတ်လေးကို
ရန်လာစတာများလည်း ဆိုပြီး
တောက်လျှောက်တွေးနေမိတယ်

ဟိုရောက်တော့ သကောင့်သားကအတန်းပိုင်ဆရာမရုံးခန်းက ခုံပေါ်မှာ အခန့်သား
ဘေးတွင်လည်း ငိုယိုနေတဲ့ တစ်ခြားကလေးတစ်ယောက်နှင့်
သူ့အမေလို့ ထင်ရတဲ့ လူတစ်ယောက်ရှိနေပြန်တယ်

အခုမှ အတွေးပေါက်သွားသောကြောင့်
ရီချင်စိတ်ကို ပြန်ထိန်းလိုက်ရင်း

"ဂျီမင်လေးနဲ့ ဒီဘက်က ကောင်လေးတို့
ကလေးသဘောအရ ရန်ဖြစ်ကြတယ်ဆိုပေမယ့်
ဂျီမင်လေးက ဒီကိစ္စမှာ တစ်ဖက်က ကောင်လေးရဲ့ခေါင်းကို ရိုက်လိုက်တာကြောင့်
မိဘအချင်းချင်း ညှိနှိုင်းကြဖို့ပါ "

အတန်းပိုင်ဆရာမရဲ့ ရှင်းပြမှု အပြီးမှာ
တစ်ဖက်က မိဘက

" အာ.. မဟုတ်တာ
ကျမ သား က အရမ်း အစအနောက်သန်တာ
အခုလည်း သူက တစ်ခုခု ပြောလိုက်လို့
ဂျီမင်လေးက ရိုက်လိုက်တာနေမှာပါ
ကလေးလည်း ဘာမှမဖြစ်ပါဘူး
ကျမတို့က တောင်းပန်ရမှာပါ "

"အဲ့လိုလည်း မဟုတ်ပါဘူး
အရင် ကိုယ်ထိလက်ရောက်လုပ်လိုက်တာက
ကျနော့် သားလေးမဟုတ်လား
ဒါကြောင့် ကျနော်လည်း
တောင်းပန်ပါတယ် "

ကိစ္စကြီးကြီးမားမားလည်း မဟုတ်သလို
ကလေးတွေလည်း ထိခိုက်ဒဏ်ရာ မရ ကြလို
ပြေပြေလည်လည်ဘဲ ပြီးသွားကြတယ်

"ကဲ ဒါဆို. သားတို့ နှစ်ယောက်က
လက်ဆွဲနှုတ်ဆက်ပြီး
ချစ်ချစ်ခင်ခင်နေရမယ်နော် "

ʙᴀʙᴇ ᴍɪɴ // YM ➹Where stories live. Discover now