နောင်တရမှု၏ ဇာတ်သိမ်းတစ်ခု
တစ်စိမ်းဆန်လွန်းလှတဲ့ အခန်းကျယ်ကြီးထဲက
ကောင်ငယ်လေးရဲ့ တိုးညှင်းတဲ့ ရှိုက်ငိုသံလေးဟာ
ဝမ်းနည်းစရာကောင်းလွန်းလေမလား"သားလေး ဘာမှ ကြောက်စရာမလိုဘူး
မေမေ သားအနားမှာ အခု ရှိနေပေးမယ်နော်""ဟင့်အင်း မနေချင်ဘူး
ကျနော့် Daddy ဆီ ပြန်ပို့ပေး ""Daddy?
Yoongiလား Min Yoongi သူက မကောင်းတဲ့သူလေ
သားငယ်ကို မေမေတို့နဲ့ ခွဲ ပစ်တဲ့သူ
သားကို အမေမရှိအောင် လုပ်ပစ်တဲ့သူ "အသက်သိပ်မကြီးလှသေးတဲ့ မိန်းမကြီးရဲ့
သွေးထိုးသလို လုပ်ကြံပြောလာတဲ့ စကားရဲ့ အဆုံးမှာ
ဂျီမင် ဟာ အတင်းရုန်းထွက်ရင်း"မဟုတ်တာ
ကျနော့်Daddy က လူဆိုးမဟုတ်ဘူး
ပြီးတော့ ကျနော့်ကို ငါးနှစ်သားကလေးတစ်ယောက်ကို
ယုံတမ်းတွေ လာပြောဖို့ မတွေးနဲ့ "ပူထူသွားတဲ့ ပါးပြင်နဲ့ ထိုမိန်းမကြီးရဲ့ ဒေါသ
"တိတ်စမ်း ငါ မင်းကို မွေးလာတဲ့ အမေပါ
ငါပြောသလိုနေ ငါပြောသလိုလုပ်
ဒီနေ့က စပြီး မင်းက Min Jimin မဟုတ်တော့ဘူးဆိုတာ
ခေါင်းထဲ မှတ်ထားလိုက်ဦး
ငါ့ကို ဖောက်ထုတ်ပစ်ချင်စရာကောင်းတဲ့
မျက်လုံးတွေနဲ့ စိုက်ကြည့်မနေနဲ့ "ပြောချင်ရာပြောပြီး ထွက်သွားတဲ့ တစ်ဖက်သတ်ဆန်တဲ့
မိန်းမကြီးသိတတ်စအချိန်ကထဲက daddy ဟာလေသံမာမာနဲ့တောင် မပြောခဲ့
လက် ပါ ဖို့ဆိုတာ ဝေးရောအခုတော့ ကျနော့်အမေဆိုတဲ့ မိန်းမကြီးရဲ့အပြောအဆိုနဲ့ အပြုအမူတွေဟာ
ဘယ်လိုမှ မနွေးထွေးဘဲ ကြောက်ဖို့တောင် ကောင်းနေသေးတယ်ဘာလို့များမှာ 16 နှစ်လောက်ကြာမှ သားအရင်းကို
ပြန်ရှာရလဲဆိုတာကို တွေးရင်း
အရှုံးသမားတစ်ယောက်လို ငိုနေရုံဘဲ တတ်နိုင်ခဲ့တယ်..................
"ဒီနေ့လည်း ထမင်းမစားပြန်ဘူး "