ချင်းပေက သူမ ထိုင်နေသည့် နေရာမှ ထလိုက်ကာ သူမရဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ဝတ်ရုံရှည်ကို ပြင်လိုက်ရင်း
" ပြောပါ သူမရဲ့ ဆန္ဒက ဘာတွေလဲ "
< သူမရဲ့ တိုင်းပြည်ကို မပျက်စီးအောင် ကာကွယ်ဖို့ ပါ>
" ဒါဘဲလား ။ " ချင်းပေက မယုံနိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။ ' ဒါက ငါ့ကို အရင်က mission တေ တစ်ပုံတခေါင်းပေးခဲ့တဲ့ system မှ ဟုတ်ရဲ့လား ?? '
< ဒါဘဲ.. အဲ ကျန်သေးတယ်။ ပေဖုန်းယု ကို မင်ကွမ်းလု နဲ့ မပေါင်းဖက်ဖို့နဲ့ ပေဖုန်းယု ကို ခေါင်းမထောင်နိုင်အောင် လုပ်ဖို့ပါ။> system က ရှက်ရွံ့စွာ ပြောလိုက်သည်။ ' ငါက နောက်မှ side mission ဆိုပြီး ခိုင်းမလို့ဟာကို '
" ဟမ့် " ချင်းပေက ထို ချီးထုပ်ကျတဲ့ system အား ဆက်မပြောတော့ဘဲ ပတ်ဝန်းကျင်အား လေ့လာကြည့်လိုက်သည်။အခု သူမရောက်နေသည့် တောက ကျောင်းကနေ ကျောင်းသားများ အမဲလိုက်ရန် ပေးထားသည့် နေရာ ဖြစ်သည်။
ယခု သူမက ဇာတ်လမ်း တစ်ဝက်လောက်ရောက်နေပြီး ကျောင်းတွင်း အမဲလိုက်ပြိုင်ပွဲ ကျင်းပနေသည့်အချိန်ဖြစ်သည်။ ပေဖုန်းယုကိုယ်ထဲသို့ ထို လုပ်ကြံသူ ဝင်ရောက်ပြီး နှစ်လ အကြာတွင် ဖြစ်သည်။
ကျောင်းတွင်း စိန်ခေါ်ပွဲများကတော့ နေ့တိုင်းရှိနေပြီး အမဲလိုက် ပြိုင်ပွဲက သုံးလ တစ်ခါ ကျင်းပလေ့ရှိသည်။ ရှောင်းနန်ရှီး သည် ကျောင်းတွင် ထိပ်ဆုံးတွင် ရပ်တည်နေသူ ထဲမှ တစ်ယောက်ဖြစ်သည်။ မိန်းကလေးများ အထဲတွင် သူမကို မီသူတစ်ယောက်မှမရှိချေ။ ထိုအတွက်ကြောင့် ပေဖုန်းယုရဲ့ ပထမဆုံး ပစ်မှတ်ဟာ သူမဖြစ်လာခြင်းပင်။ ပေဖုန်းယု သာ သူမကို ရိုက်ချနိုင်ရင် အရင် ရှောင်းနန်ရှီးရဲ့ ကျော်ကြားမှုတွေကို ခြေနင်းတုံးသဖွယ် တက်နင်းပြီး ပိုပင် ကျော်ကြားသွားနိုင်သေးသည်မလား။
ထိုအပြင် ယခု ပြိုင်ပွဲ အတွင်းတွင် မင်ကွမ်းလု နဲ့အတူ ပြိုင်ပွဲတွင်းတွေ့ကာ သားကောင်များ တိုက်ခိုက်ရင်း၊ ပြဿနာများ ဖြေရှင်းရင်း မင်ကွမ်းလုရဲ့ အမြင်ကောင်းရသွားကာ ရင်းနှီးသွားခြင်းဖြစ်သည်။ ပေဖုန်းယု ရဲ့ သိုင်းပညာကို တွေ့သည့်အခါ မင်ကွမ်းလုရဲ့ စိတ်ထဲတွင်တော့ ' ဒီ ပေမင်းသမီး က ကောလဟာလများနဲ့ မတူဘဲ အလွန်စိတ်ဝင်စားစရာ ကောင်းတာဘဲ ' ဟူ၍ ပင်။
YOU ARE READING
The Villain Princess
Historical Fictionကျန်းချင်းပေ ( Arc.2 ) ကျန်းချင်းပေ ( Arc.2 )