ချင်းပေ ထွက်သွားပြီးနောက် သူမနေခဲ့သည့် သစ်ပင်ပေါ်သို့ အပြာရောင်ဝတ် လူတစ်ယောက်ရောက်လာသည်။ ထိုသူရောက် လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားပြီး ကြွေကျနေသော သစ်ရွက်တွေပင် ရပ်တန့်သွားသည်။ထိုသူက ချင်းပေ ထွက်သွားသည့် ဘက်သို့ အတန်ကြာရပ် ကြည့်နေပြီးနောက် ထွက်သွားခဲ့သည်။ ထိုလူ ထွက်သွားပြီးနောက် ပတ်ဝန်းကျင်က ဘာမှမဖြစ်ခဲ့သလို ပုံမှန်ပြန်ဖြစ်သွားသည်။
" အစ်ကိုမင် အရှေ့နားမှာ ဂူတစ်ခု !!!! " ရှီးထိုက်ရန်က ပျော်ရွင်စွာ ဖြင့် အရှေ့နားရှိ ဂူတစ်ခုအား လက်ညိုးထိုးပြလိုက်သည်။
မင်ကွမ်းလု သည်တော့ ရှီးထိုက်ရန် စကားပြောလိုက်သည်နှင့် သူ့လည်ပင်းကို ရိုက်ခတ်နေသော လေ ကြောင့် မသက်မသာ ခံစားနေရသည်။ သူက ရှီးထိုက်ရန် ပြောသည်အား ကြားလိုက်မှ အရှေ့သို့ ကြည့်လိုက်ပြီး " အင်း ဟုတ်တယ် အဲ့မှာ နားရအောင် "
သူတို့နှစ်ယောက် ဂူ အနားသို့ ရောက်သည်နှင့် ဂူနောက်မှ ထွက်လာသော လူတစ်ယောက်ကြောင့် နှစ်ယောက်လုံး သတိအနေအထား ဖြစ်သွားသည်။ မင်ကွမ်းလု က သူ့ဓားအား ချက်ချင်းဆွဲထုတ်ကာ ထွက်လာသော လူအား ချိန်လိုက်သည်။
" ဂူထဲမှာ နားဖို့ မလား။ ကျွန်မလဲ အတူတူဘဲ ။ မှောင်တော့ မှာမို့ အတူတူတည်းကြမယ် " ပေဖုန်းယု က တောင်းဆို သည့် အသံဖြင့် ပြောနေသော်လည်း သူမမျက်နှာပေါ်တွင်တော့ ထီမထင်မှုများကို တွေ့နိုင်ပေသည်။ သူမပုံစံ က ထိုသူများက ထက် သူမက တစ်ဆင့်သာနေသည့်ပုံစံပင်။ ' ဒီလူ က ရှောင်းနန်ရှီးရဲ့ အသက်ပေါ့ ။ မဆိုးဘူး...။ ဟမ့် ရှောင်းနန်ရှီး ငါက သူ့ကိုရရင် နင် ထပ်ပြီး တည်တည်ငြိမ်ငြိမ်နေနိုင်ဦးမလား ကြည့်ရသေးတာပေါ့။ စိတ်မတည်ငြိမ်နိုင်တဲ့ ရန်သူက ဖြိုရအလွယ်ဆုံးတဲ့။ ' သူမက မင်ကွမ်းလု အား ကြည့်၍ တွေးလိုက်သည်။
ထိုနောက်သူမက မင်ကွမ်းလု၏ ကျောပေါ်ရှိ ရှီးထိုက်ရန်ကို ကြည့်လိုက်ကာ မျက်လုံးထဲတွင် အထင်သေးမှုများ ထင်ဟပ်လာသည်။ ' ဒီခေတ်က လူတေက ရုပ်ချောသလောက် ပျော့လိုက်ကြတာ ။ '
YOU ARE READING
The Villain Princess
Historical Fictionကျန်းချင်းပေ ( Arc.2 ) ကျန်းချင်းပေ ( Arc.2 )