ရှောင်းနိုင်ငံ လွီ့ရှင်းတော်ဝင် နန်းတော်ညီလာခံတွင်
" အရှင်မင်းကြီး တွေဝေနေလို့ မဖြစ်ပါဘူး .. ဆုံးဖြတ်ချက်ချရပါမယ် ..." လူကြီးတစ်ယောက်က ဒူးထောက်ကာ ပြောလိုက်သည်။ ထိုလူက ရှောင်းတိုင်းပြည်ရဲ့ စစ်သူကြီး ကျူးရန်ကျန်း ဖြစ်သည်။ ကျူးရန်ကျန်း ပြောပြီးသည်နှင့် ကျန်သည့် အမတ်များအားလုံး နောက်မှ လိုက်ပြောကာ ဒူးထောက်ကြသည်။
ရှောင်းလုံချန် က သူ့ရှေ့တွင် ရှိသော အမတ်များအား တည်ငြိမ်သည့် အကြည့်ဖြင့် ကြည့်နေသော်လည်း သူ့စိတ်ထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည် ။
" နယ်စပ် မြို့ တိုက်ပွဲက အရေးကြီးတယ် ... အိမ်ရှေ့စံပြန်လာမှ ဆွေးနွေးကြတာပေါ့ .." ရှောင်းလုံချန်က လက်ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
" ယခင်နှစ်တွေက လမင်းကောင်းကင်ရဲ့ ရှင်းလင်းမှုကြောင့် သိုင်းလောက က ရှုပ်ထွေးနေပါပြီ.... အခုချိန်မှာ နယ်စပ်မြို့က သူပုန်တွေ လက်ထဲ ကျရောက်သွားပါပြီ .... အိမ်ရှေ့စံက သိုင်းပညာမှာ ပညာရှင်ဖြစ်ပေမဲ့.. နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိဘဲ လုပ်ချင်သလို လုပ်နေပါတယ်.... ဂိုဏ်းတွင်း ပြိုင်ပွဲကို မပြိုင်ရုံမကဘူး ... သုံးနှစ်အတွင်း သူမက အကျိုးအမြတ်မရဘဲ အရင်းအမြစ်တွေကို ဖြစ်သလို သုံးဖြုန်းနေပါတယ် ..." ကျုးရန်ကျန်းက ပြောနေရင်း ဒူးထောက်ချလိုက်ပြီး နဖူးဖြင့် ကြမ်းပြင်ကို ထိလိုက်ကာ " ကျွန်တော်မျိုးက အတင့်ရဲ ပြီး လျှောက်တင် ပါရပါစေ...အိမ်ရှေ့စံကို ရာထူးက ရုတ်သိမ်းတော်မူပါ "
" အိမ်ရှေ့စံကို ရာထူးက ရုတ်သိမ်းတော်မူပါ " ညီလာခံရှိ အမတ်များအားလုံး ဒူးထောက်ချလိုက်ကြသည်။
ရှောင်းလုံချန်က ဒေါသတကြီး မတ်တပ်ရပ်လိုက်သည်။ သူက ဒူးထောက်နေသည့် အမတ်များကို လက်ညိုးထိုးရင်း " မဖြစ်နိုင်ဘူး... အကုန် ထွက်သွားကြ ..."
ကျုးရန်ကျန်းက ရေရွတ်လိုက်သည်..." ဒါဆိုရင် ကျွန်တော်မျိုးလည်း မတတ်နိုင်လို လုပ်ရတာပါ "
ထိုအချိန်တွင် ညီလာခံ တံခါးက ပွင့်သွားကာ စစ်သားများ အလုံးနဲ့ အရင်းနဲ့ ဝင်လာကြသည်။ စစ်သားများရောက်လာသည့်နှင့် ကျုးရန်ကျန်းက ဒူးထောက်နေရာမှ ထလိုက်ကာ အဝတ်များကို သပ်ရပ်အောင် ပြုလုပ်လိုက်ပြီး " ယွီဝမ် မင်းသားကို ကြိုဆိုပါတယ် " သူ့အသံက ညီလာခံအတွင်း ပျံ့နှံ့သွားချိန်တွင် တံခါးမှ အပြာရောင် ဝတ်စုံကို ဝတ်ဆက်ထားသည့် လူငယ်တစ်ယောက်ဝင်လာသည်။ သူ့ မျက်နှာ ထက်တွင် အပြုံး တစ်ခု ကို တပ်ဆင်ထားပြီး မျက်လုံးများက ဉာဏ်များသည့် ပုံစံ ပေါက်နေသည်။
YOU ARE READING
The Villain Princess
Historical Fictionကျန်းချင်းပေ ( Arc.2 ) ကျန်းချင်းပေ ( Arc.2 )