ARC.2.7

4.3K 608 35
                                    

ပိုင်ယွင်ခယ့် က သူလက်ပေါ်တွင် လှဲကျနေသော သူကို ကြည့်လိုက်သည်။ သူမက မျက်နှာ တစ်ခုလုံး ဖြူလျော်နေပြီး အသက်ရှုသံ တိုးတိုးလေးသာ ကြားရသည်။ သူမကို ကြည့်ရင်း သူက အလွန်ရင်းနှီးသည့် ခံစားချက်ကိုရသည်။ ထိုခံစားချက်က သူအကြာကြီး စောင့်နေတဲ့ လူကို ပြန်တွေ့ရသလိုမျိုး။

ပိုင်ယွင်ခယ့်က သူမကို ပွေ့ချီ လိုက်ကာ ဂူထဲမှ ထွက်လာသည်။ သူက မြေပြင်သို့ တစ်ချက်ထောက်လိုက်သည်နှင့် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ခနအကြာတွင် ကန်ငယ်လေးတစ်ခုရှေ့တွင် ပြန်ပေါ်လာသည်။ ကန်လယ်တွင် အိမ်ဆောင်တစ်ခုရှိနေပြီး ထိုအိမ်နဲ့ ချိတ်ဆက်ထားသော တံတားတစ်ခုရှိသည်။ ကန်ပတ်လည်တွင် ချယ်ရီ ပင်များစွာ ရှိနေပြီး အလွန်လှပသည့် နေရာတစ်ခုဖြစ်သည်။

ပိုင်ယွင်ခယ့်က သူမကို ကုတင်ပေါ်သို့ အသာချပေးလိုက်ပြီး လက်ကောက်ဝတ်မှ သွေးကြောကို စမ်းလိုက်သည်။ စမ်းသပ်နေရင်းနဲ့ သူ့ရုပ်က တစ်ဖြည်းဖြည်းမျက်နှာပျက်လာပြီး စိုးရိမ်လာသည်။ သူက သူမရဲ့ နှလုံးခုန်နေတယ်ဆိုတာကိုသာ မသိရင် သေဆုံးသွားတယ်လို့ထင်လိုက်မိမှာပင်။

သူက အခန်းထဲမှ ချက်ချင်းထွက်သွားပြီး ခနအကြာ လက်ထဲတွင် ပုလင်းတစ်ခုနဲ့ ပြန်ရောက်လာသည် ။ သူက သူမကို ဆေးတိုက်ပြီးနောက် သူမရဲ့ မျက်နှာက တစ်ဖြည်းဖြည်း သွေးရောင်လွှမ်းလာမှ စိတ်သက်သာရာရသွားတော့သည်။

သူက သူမလေးရဲ့ မျက်နှာပေါ်မှာ ဝဲကျနေသော ဆံပင်လေးကို အသာအယာ ဖယ်လိုက်ကာ သူမရဲ့ မျက်နှာကို ကိုင်ထားမိသည်။ သူက သတိလက်လွှက်ဖြင့် သူမကို ကြည့်မိနေသည်။ သူက မွေးရာပါ ရောဂါ တစ်ခုရှိခဲ့သည်။ ထိုရောဂါက ခန္ဓာကိုယ်က မဟုတ်ဘဲ ဝိဉာဉ်က ဖြစ်သည်ဟု သူ့ဆရာက ပြောခဲ့သည်။ သူဝိဉာဉ်က အလွန်အားနည်းနေပြီး အချိန်မရွေးပျောက်ကွယ်တော့မလိုဖြစ်ပြီး အသက်ငယ်ငယ်နဲ့ သေ‌ဆုံးသွားနိုင်သည်။ ထိုကြောင့် သူ့ဆရာက ထိုရောဂါကို ကုသမဲ့ နည်းလမ်းကို တစ်ဘဝလုံး ရှာခဲ့သည်။ သူ ဆရာက လမင်းကောင်းကင်ဂိုဏ်းကို ဖွဲ့စည်းခဲ့ပြီး တိတ်တဆိတ်နဲ့ နည်းလမ်းမျိုးစုံကို စမ်းသပ်ခဲ့သည်။

The Villain PrincessWo Geschichten leben. Entdecke jetzt