နာရီ အတော်ကြာ ဒုန်းဆိုင်းစီးပြီးနောက် ချင်းပေက လမင်းကောင်းကင် ဂိုဏ်းသို့ ပြန်ရောက်လာသည်။ လမင်းကောင်းကင်၏ အဝင်ဂိတ်မှ ဂိုဏ်းထဲထိ လူများ လှဲကျသေဆုံးလျက်ရှိပြီး သွေးပျက်ဖွယ်မြင်ကွင်းက သူမအား ဆီးကြိုနေသည်။ သို့သော် သူမက ထိုလူများကို မသွားခင် တစ်ချက်သာ ကြည့်ပြီး မြင်းပေါ်မှ ဆင်းကာ တောအုပ်ဘက်သို့ပြေးသွားလိုက်သည်။
" ဒီလို နေရာမျိုး ကမ္ဘာပေါ်မှ ရှိနေတာလား .." သိုင်းသမား အုပ်စုက သူတို့မျက်စိရှေ့ရှိ မြင်ကွင်းကို စူးစမ်းနေသည်။ အေးစက်မှောင်မိုက်ကာ သားရဲများဖြင့် ပြည့်နှက်နေသည့် တောအုပ်နဲ့ ယှဉ်လျင် ဒီနေရာသည် အခြားကမ္ဘာတစ်ခုအလားပင်။ နေရာတစ်ခုလုံး ချယ်ရီပန်းပင် များပြည့်နှက်နေပြီး ကြည်လင်သော ရေကန်လယ်တွင် ရှိနေသည့် အိမ်က အထီးကျန်သလို တိတ်ဆိတ်အေးချမ်းသည့် ခံစားချက်ကို ပေးစွမ်းသည်။
" ဒီဟာက နှလုံးဖျက် မြက်ပင်မလား... ဒီရှားပါးဆေးပင်တွေက....အများကြီးရှိနေကြတာလား..." လူတစ်ယောက်က ကျောက်စိမ်းရောင်ဖျော့ဖျော့ လင်းနေသည့် မြက်ပင်ကို ကိုင်ကြည့်ကာ အံ့ဩနေသည်။
" မင်းက ဘာအံ့ဩနေတာလဲ .. နှလုံးဖျက်မြက်ပင်နဲ့ စာရင် ဒီမှာဘာလဲကြည့်.... အနည်းဆုံး နှစ်တစ်ထောင်လောက် ရှိတဲ့ လင်ဇီးတွေ ... "
" မဖြစ်နိုင်တာ ...ဒီလို အေးချမ်းတဲ့ နေရာလေးနဲ့တင် ... သိုင်းကျင့်ဖို့ အကောင်းဆုံးနေရာ အဖြစ်သတ်မှတ်လို့ရနေပြီ... ဒီလို တန်ဖိုးကြီးတဲ့ အပင်တွေက .." လူတိုင်းက တန်ဖိုးကြီးဆေးပင် အမြောက်အမြားကို တွေ့ပြီးနောက် လေထုထဲတွင် ရန်လိုသည့် အငွေ့အသက်များ ပြည့်နှက်လာသည်။
" မဆူနဲ့တော့... လမင်းကောင်းကင်ဂိုဏ်းချုပ်ကို ဖမ်းပြီးရင် ဒီဆေးပင်တွေကို အညီအမျှခွဲမယ် " သူမတွင် ဒီဆေးပင်များထက် တန်ဖိုးကြီးသော ဆေးပင်များနဲ့ ပြည့်နှက်နေသည့် ဆေးနယ်မြေ ရှိသည့်အတွက် ပေဖုန်းယုက စိတ်မဝင်စားစွာပြောလိုက်သည်။
သူမရဲ့ စိတ်မဝင်စားသည့်အသံကြောင့် လူတိုင်း စိတ်သက်သာရာရသွားသည်။ တိုက်ပွဲပြီးသည့်နောက် သူတို့က ပေဖုန်းယုနဲ့ သူအဖွဲ့ရဲ့ အစွမ်းအစကို သိသွားကြသည်။ သူမသာ ပစ္စည်းများကို လိုချင်လျင် အနည်းငယ် အားစိုက်လိုက်ရုံသာ ..
YOU ARE READING
The Villain Princess
Historical Fictionကျန်းချင်းပေ ( Arc.2 ) ကျန်းချင်းပေ ( Arc.2 )