ချင်းပေက နန်းတော်မှ ထွက်လာပြီးနောက် စည်ကားသည့် ဈေးတစ်ခုတွင် ရပ်တန့်လိုက်သည်။ သူမက လူများပြည့်နှက်နေသော ဈေးကို ကြည့်ကာ ဖြေးဖြေးခြင်း လမ်းလျှောက်နေသည်။ စည်ကားသည့် ဈေးအား ပတ်ကြည့်ရင်း သူမ မျက်နှာထက်တွင် ဝမ်းနည်းမှုတို့ ကြီးစိုးလာသည်။ သူမ၏ မျက်နှာက ပြိုတော့မဲ့ မိုးလို ဖြစ်လာသည်။
" ငါ့ချစ်သူက ဘယ်ရောက်နေတာလဲ မသိသလို .သူသေလားရှင်လားမသိရသေးဘူး. သူအတွက် ကလဲ့စားလည်း မချေနိုင်ဘူး... ငါ ဘာလို့ အသက်ရှင်နေရသေးတာလဲ..." သူမက ရင်ဘတ်ကို ဆုတ်ကိုင်ကာ သူဘာသာသူ ပြန်မေးနေမိသည်။
" ငါ့အချစ်က အနာဂတ်မရှိဘူးလား ....သေပြီးမှ ကံကောင်းလို့ ငါ့ကို ဂရုစိုက်တဲ့ လူတစ်ယောက် ရှာတွေ့ခဲ့ပေမဲ့ ... ထပ်ဆုံးရှုံးရမှာလား .... "
" ဘာလို့လဲ.... ဘာလို့လဲ!!!! " သူမအသံက တဖြေးဖြေးနဲ့ တို့လျသွားကာ မျက်ရည်များ စီးကျလာသည်။
လွန်ခဲ့တဲ့ တစ်နှစ် အဲ့ဒီနေ့က ပေဖုန်းယုရဲ့ ရူးသွပ်မှုကြောင့် ပေါက်ကွဲ မှုကြီး ဖြစ်ခဲ့တယ် ။ နှစ်ယောက်လုံး အသက်မရှင်နိုင်တော့ဘူးလို့ ထင်တဲ့အချိန်မှာ သူမက ပိုင်ယွင်ခယ့်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားခဲ့တယ်။ မထင်ထားစွာနဲ့ သူက နိုးထမဲ့ အချိန်မရောက်ခင် နိုးထလာပြီး စွမ်းအင် ထပ်သုံးခဲ့ရတယ် .. ကန်အောက်ခြေက မြစ်တစ်စင်းနဲ့ ဆက်သွယ်ထားခဲ့တဲ့ အတွက် သူတို့က ဆက်သွယ်ထားတဲ့ ရေစီးချောင်းထဲကို ရောက်သွားခဲ့ပေမဲ့ ... လက်ကလေး မြှောက်ဖို့တောင် အားမရှိတော့ဘူး ...ဇာတ်လိုက်တစ်ယောက်ရဲ့ ကံကြမ္မာပစ္စည်းက ဘယ်လိုလုပ် အဲ့လောက်ရိုးရှင်းမှာလဲ ပေါက်ကွဲမှုများက ဆက်တိုက်ဖြစ်လာခဲ့တယ်... နောက်ဆုံးအချိန်ထိ သူမက သူနဲ့အတူသေဖို့ စဉ်းစားထားပေမဲ့ ... သူက သူမကို တွန်းလွှတ်ခဲ့တယ်... အဲ့အချိန်မှာ သူက သူမကို ပြုံးပြခဲ့တယ်... အဲ့အပြုံးအေးချမ်းနေပေမဲ့... သူမရင်ထဲမှာ ပူလောင်မှုကြောင့် လောင်ကျွမ်းမတတ်ဘဲ... ထိုအဖြစ်အပျက်က သူမကို အရင်ကအကြောင်းသတိရသွားစေခဲ့တယ်...
" နှစ်ကြိမ်လုံး သူမက ဘာမှမလုပ်နိုင်ခဲ့ဘူး ...သူက သူမအတွက်စတေးသွားတာကို ကြည့်နေရုံဘဲ တတ်နိုင်ခဲ့တယ် "
YOU ARE READING
The Villain Princess
Historical Fictionကျန်းချင်းပေ ( Arc.2 ) ကျန်းချင်းပေ ( Arc.2 )