ချင်းပေက အခန်းထဲတွင် ငေးငိုင်ကာ တံခါးပေါက်မှ အကြည့်မလွဲသေးပေ။
< Host စိတ်မညစ်နဲ့။ ဒါက ဖြစ်တတ်ပါတယ်။ အခု ပိုင်ယွင်ခယ့်က သူ့ရဲ့ ဝိဉာဉ် အစိတ်အပိုင်းတစ်ခုဘဲလေ။ မှတ်ဉာဏ်တွေကို ဘယ်လိုလုပ်သယ်ဆောင်နိုင်မှာတုန်း > system က အဖြူအလုံးပုံစံလေးပေါ်လာကာ ပြောလိုက်သည်။
ချင်းပေက system ၏ စကားကြားတော့ ဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။
" စောစောက ပြောလေ system စုတ်ရဲ့။ အခုဘယ်လိုလုပ်ရမလဲ စိတ်ဆိုးသွားပြီလားဘဲ " ချင်းပေက မျက်စောင်းထိုးကာ ပြောလိုက်သည်။
system:"...."
ချင်းပေက သူမရဲ့ အားနည်းနေသည့် ခန္ဓာကိုယ်အား သယ်ကာ အခန်းအပြင်သို့ ထွက်ရန်ပြင်လိုက်သည်။ သူမက တံခါးကို မြဲအောင်ကိုင်ထားရပြီး ခလုတ်မတိုက်မိအောင် ဂရုစိုက်နေရသဖြင့် သူမအရှေ့က လူကို မမြင်ပေ။
ပိုင်ယွင်ခယ့်က သူ့ရှေ့တွင် သူအား မမြင်ဘဲ အပြင်ထွက်ရန်သာ အာရုံရနေသော သူမအား ကြည့်လိုက်ရင်း မျက်မှောက်ကြုတ်လိုက်သည်။ ' ဒီလောက်ဖြစ်နေတာကို ဘယ်သွားချင်သေးတာလဲ '
သူက ရှန်းချွန်းမင် ဆိုသည့် နာမည်ကို ပြန်ကြားယောင်လိုက်ပြီး မျက်နှာ ပျက်ယွင်းလာပြီး ထိတ်လန့်လာသည်။ ' ငါက သူမဟုတ်ဘူး ဆိုလို့ အဲ့လူကို သွားရှာ မလို့လား '
ဒုတ်!!!
သူတွေးနေစဉ် သူ့ရင်ဘတ်ကို လာတိုက်သဖြင့် အတွေးထဲမှ ထွက်ကာ ငုံ့ကြည့်လိုက်သည်။
ချင်းပေက သူမရဲ့ နဖူးအား ပွတ်လိုက်ကာ မော့ကြည့်လိုက်ည်။ နှစ်ယောက်လုံးက တစ်ပြိုက်နက် ဖြစ်သွားပြီး မျက်နှာ နှစ်ခုက အလွန်နီးကပ်သွားသည်။
ပိုင်ယွင်ခယ့်က ပိုလို့ပင် ငုံ့ကိုင်းလိုက်ပြီး သူမလေးရဲ့ နူတ်ခမ်းကို နမ်းလိုက်သည်။
ချင်းပေက သူမရှေ့တွင်ရှိသော မျက်နှာချောချောအား ငေးနေစဉ် ရုတ်တရက်ကြီး အနမ်းခံလိုက်ရသဖြင့် ချက်ချင်း မတုံ့ပြန်နိုင်လိုက်ပေ။ ပိုင်ယွင်ခယ့်က သူမ မတုံ့ပြန်မှုကို အခွင့်ယူကာ ပိုတိုးလို့ပင် နမ်းလာသဖြင့် နောက်ဆုတ်လိုက်သော်လည်း ဘယ်အချိန်က ပိတ်သွားမှန်း မသိသည့် တံခါးက ခံနေသည်။ အတော်ကြာ နမ်းပြီးနောက် ချင်းပေက အားမရှိတော့ဘဲ ပုံကျသွားသည်။