ARC.2.9

4.1K 520 13
                                    

ချင်းပေက ကျောင်းအဝင်ဝတွင် ရပ်လိုက်ပြီး နောက်လှည့်ကာ ပြောလိုက်သည်။" ရောက်ပြီ !!! "

ပိုင်ယွင်ခယ့်က မျက်နှာပေါ်တွင် ပုဝါအဖြူလွှာထားကာ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ထားသည်။ သူက သူမလက်ကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ကာ " ကောင်းပြီ ။ "

ချင်းပေက ကျောင်းတွင်းသို့ ဝင်ရန်ပြင်လိုက်ပြီးမှ နောက်ပြန်လှည့်လာကာ ပိုင်ယွင်ခယ့် ရဲ့ ရင်ခွင် အတွင်းသို့ဝင်ကာ ပုဝါကို ဖယ်လိုက်ပြီး တစ်ချက်နမ်းကာ ကျောင်းအတွင်းသို့ ပြေးဝင်သွားသည်။

ပိုင်ယွင်ခယ့်က ကျောင်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသော သူကို ကြည့်လိုက်ပြီး ထွက်သွားသည်။

ကျောင်းတော်ရှိ အဓိက ခန်းမအထဲတွင် ပေဖုန်းယု က တရိုတသေ မတ်တပ်ရပ်နေသည်။ သူမရှေ့တွင် တည်ကြည်ခန့်ညားသော လူတစ်ယောက်ရှိနေပြီး ခေါင်းဆောင်ခုံတွင် ထိုင်နေသည်။ ပေဖုန်းယု က လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ " ဆရာ တပည့်တို့က ဒီကိစ္စကို ရှောင်းနန်ရှီး ပြန်မလာခင် အကောင်အထည်ဖော်ရပါမယ် "

ထိုင်နေသည့် လူက ထရန် လက်ကာ ပြလိုက်ပြီး " ရှောင်းတိုင်းပြည်ကို တိုက်ခိုက်တာက တန်ဖိုးတစ်ခု ပြန်ပေးရမဲ့ ကိစ္စဖြစ်တယ်။ ရှောင်းနန်ရှီး ဆီမှာ ရှိနေတဲ့ အမြုတေ ကို ယူဖို့ ကိစ္စက အရေးကြီးတယ်။ လွဲ‌ချော်သွားလို့မဖြစ်ဘူး "

" ဒုခေါင်းဆောင်ကျိုး ဂိုဏ်းချုပ်က တကယ်ရှိလို့လား။ တကယ်တော့ အမြုတေက ဒုခေါင်းဆောင်ရသင့်တာပါ။ " ခန်းမ အတွင်းရှိ လူတစ်ယောက်က မကျေမနပ်ဟန်ဖြင့်ပြောလိုက်သည်။ ထို ခန်းမ ထိပ်ဆုံးတွင် ထိုင်နေသူက လမင်းကောင်းကင် ဂိုဏ်းရဲ့ လက်ရှိ ဒုဂိုဏ်းချုပ်ကျိုးခိုင် ဖြစ်သည်။

" ဟုတ်တယ် မရှိတဲ့လူအတွက် လုပ်နေစရာ မလိုဘူး "

" ဟုတ်တယ် အကြီးအကဲမူ ပြောတာမှန်တယ် "

ခန်းမအတွင်းရှိ လူများက ထောက်ခံသည့် သဘောဖြင့် ပြောကြသည်။ ကျိုးခိုင်က အရင် ဒုဂိုဏ်းချုပ်၏ တပည့် ဖြစ်ပြီး လမင်းကောင်းကင် ဂိုဏ်းချုပ် တကယ်ရှိမှန်း သိပေသည်။ ထို့ကြောင့် သူက အချိန်ကို တွက်ဆကာ သူ့ဆရာအား အဆိပ်ခတ်သတ်ကာ အာဏာယူထားခြင်းဖြစ်သည်။ လွန်ခဲ့သည့် လက ထို ဂိုဏ်းချုပ်ဆိုသော လူရဲ့ နောက်ဆုံးနေ့ဖြစ်‌‌ကြောင်းကို သေဆုံးသွားသော ဒုဂိုဏ်းချုပ်ထံမှ သိရှိပြီးပေသည်။ ကျိုးခိုင် က ချောင်းအသာ ဟန့်ကာ " အဲ့အကြောင်း ထပ်မပြောနဲ့တော့ ။ ပြန်လို့ရပြီ "

The Villain PrincessWhere stories live. Discover now