Chae အလောတကြီးအိမ်ထဲသို့ ရောက်လာ လာခြင်းပင် ဧည့်ခန်းထဲကထွက်လာတဲ့ အိမ်အကူအဒေါ်ကြီးနဲ့ ရင်ဆိုင်တိုးမိတော့တယ်...
" လေဆိပ်က JISoo လေးခုပဲပြန်ရောက်တယ် Chae ရေ..
Taxi နဲ့ပြန်လာရလို့တဲ့..""Chae ကားကလမ်းမှာပျက်နေလိုပါ Argima ရ.. လေဆိပ်ရောက်တော့ဆယ်မိနစ်လောက်နောက်ကျသွားတယ်.."
"အေးအေ Chae လေးဘာသာပဲရှင်းပြလိုက်တော့
အပေါ်ထပ်မှာ Jisoo လေးရှိတယ်...""ဟုတ်ကဲ့..."
Chae အပေါ်ထပ်သို့ပြေးတက်လာခဲ့မိသည်. . လှေကား၏ထိပ်ဆုံးအခန်းသည် JiJi ၏ သီးသန့်အခန်းဖြစ်သည်...
စေ့ထားသောမှန်တံခါးကြီးကို Chae ညင်သာစွာ နှစ်ချက်ခေါက်ပြီးအသံပေးလိုက်သည်...
"ဝင်ခဲ့ ပိတ်မထားဘူး..."
JiJi ရဲ့အသံက ချိုမြသော်လည်း အမိန့်သံအပြည့်ပါသဖြင့် Chae ရင်ဆိုင်ဖို့ သတ္တိလေးတောင်ဘယ်ဆီပြေးကုန်လည်းမသိ..သို့သော်
မတွေ့တာကြာပြီဖြစ်တဲ့ JiJi အား Chae တွေ့ချင်လှသည်...JiJi ရဲ့အလှက အပြစ်ဆိုစရာမရှိအောင် ဆုတောင်းကောင်းခဲ့သူဟု
Chae အကြိမ်ကြိမ် မှတ်ချက်ချခဲ့သည်.."မင်း..ဘာရပ်လုပ်နေတာလဲ Chae ထိုင်လေ..."
"ရှင်..ဟုတ်ကဲ့.."
JiJi အား သတိလက်လွတ်ငေးနေရာမှ JiJi ၏အသံကြောင့် ာ့မျက်နှာချင်းဆိုင်ခိုင်ခုံမှာဝင်ထိုင်မိတေသည်...
"မ မကို chae တောင်းပန်ပါတယ်နော်..."
Chae တောင်းပန်လိုက်တော့ JiJi တစ်ချက်မဲ့လိုက်သည်.. JiJi ၏ဒေါသကိုသိနေသည့် Chae တစ်ယောက် ထိုဒေါသတို့ကို ကြောက်နေမိသည်...
"ဒါ..တောင်းပန်ရမယ့် ကိစ္စမဟုတ်ဘူး.. မင်းဘက်ကချို့ယွင်းချက်ကြောင့် တို့ လေယာဉ်ကွင်းမှာ တော်တော်ဒုက္ခရောက်သွားတယ်..."
"တို့ မင်းကို ငါးမိနစ်စောင့်သေးတယ် Chae... မင်းမလာတဲ့ အဆုံးကျမှ Taxi ငှားပြီးပြန်လာခဲ့ရတာ.. ကဲမင်းဘက်က ဘာအကြောင်းပြမလဲပြော"
"Chae မ ကိုကြိုဖို့ တစ်နာရီစောထံက်ခဲ့တာပါ..ဒါပေမယ့် ကားက မမျှော်လင့်ဘဲ လမ်းမှာပျက်သွားလို့ပါ.. အချိန်ကလည်း စောသေးတော့ ဝပ်ရှော့ခ် ကိုဖုန်းဆက်မေးတော့ အဲ့ဒီကနာရီဝက်အတွင်းပြင်ပြီးမယ်လို့ကတိပေးပေမယ့် တကယ်တမ်းကျတော့ နာရီဝက်ကျော်တဲ့အထိမပြီးဘူး..."
"အဲ့ဒါနဲ့ ဝပ်ရှောခ့်က ဦးလေးကြီးက Chae အတွက် တပည့်တစ်ယောက် ကိုကားတစ်စီးယူလာခိုင်းတယ်.."
"Chae အဲ့ဒီကားနဲ့ပဲ.. လေယာဉ်ကွင်းကိုလာကြိုတာပါ.. ဆယ်မိနစ်လောက်ပဲ နောက်ကျသွားတာ.."
"အဲ့ဒါမင်းဘက်က အကြောင်းပြချက်လေ..တို့က မင်းမလာမချင်းငုတ်တုတ်ထိုင်စောင့်နေရမှာလား.."
"မဟုတ်ပါဘူး Chae ကအမှန်အတိုင်းရှင်းပြတာပါ.."
"ဟုတ်ပါပြီ မင်းဘက်ကမှန်သလို တို့ဘက်ကလည်း ပြန်ရောက်ရောက်ချင်းအတော်ကတိကအောက် ဖြစ်သွားတယ် မင်းကိုလေယာဉ်ကွင်းလာကြိုခိုင်းမိတာကိုက တို့ရဲ့အမှား..."
"ဟာ..ဒီလိုမပြောပါနဲ့ မရယ် မ ပြန်လာမယ်ဆိုလို့ Chae အရမ်းပျော်ပြီးညကအိပ်လို့တောင်မပျော်ဘူး.."
"ကောင်းပြီ မင်းတောင်းပန်တာကိုတို့လက်ခံမယ်..ဒါပေမယ့် မင်းဒီလိုအလေးမထားမှုတွေ မကြာခဏဖြစ်နေမယ်ဆိုရင် တို့လက်ခံမှာမဟုတ်ဘူးနော် မင်းပြန်တော့ Chae ..."
"ဟင်..ဟို ဒီနေ့ မ ကိုမနက်စာကျွေးဖို့ ခွင့်တောင်းခဲ့ပြီးသားလေ.."
"တို့ အပြင်ပြန်မထွက်ချင်တော့ဘူး Chae..မင်း လာကြိုရင်တော့ စားသောက်ဆိုင် တစ်ခုဝင်မလို့ပဲ..."
"ဒါပေမယ့် တို့စိတ်ထဲမှာ..ကသိကအောက်ဖြစ်သွားပြီ ခရီးလညိးပန်းလာတယ် မင်းပြန်တော့.."
စကားအဆုံးတွင် မ က ပြတင်းပေါက်ဆီသို့ ကျောခိုင်းသွားခဲ့သည်...
"မ မနက်ဖြန် Chae လာခွင့်ရှိမလား.."
"တို့ အားမှာမဟုတ်ဘူး Chae..."
"ဟို ဒါဆို မ ကို Chae ဘယ်နေ့တွေ့ခွင့်ရမလဲ.."
"သေချာတာကတော့ ဒီတစ်ပတ်လုံးတို့အားမှာမဟုတ်ဘူး..ကဲ မင်းပြန်တော့ Chae.."
" မ Chae ပြန်တော့မယ်နော်.."
"Park Chae Young မင်း တို့ ဆီလုံးဝ ဖုန်းမဆက်နဲ့နော်...
*ရက်စက်လိုက်တာ မ ရယ်...*
"ဟုတ်ကဲ့ မ.."
Chae မ ကိုနှုတ်ဆက်ပြီး အိမ်သာပြန်ခဲ့တော့သည်..
*သိပ်ကိုရက်စက်လွန်းပါတယ် မ ရယ် ..မ Chae ကို ဘယ်လောက်ပဲမုန်းမုန်း Chae ကတော့ မ ကိုချစ်နေမှာပဲ*
YOU ARE READING
Falling For You
Fanfiction"ကျန်တာအားလုံးကို သည်းခံနိုင်ပေမယ့် မ ရဲ့အမုန်းကိုတော့ ယောင်း ခံနိုင်ရည်မရှိဘူးနော်" #Park Chae Young "ယောင်းရယ် မ တို့ကဖြစ်မှမဖြစ်နိုင်တာ " #Kim Ji Soo