မမ ဂျီဆူး ဧည့်သည်ရောက်နေတယ် ချယ်ယောင်းတဲ့..."
သူမ၏ အတွင်းရေးမှူးမလေး Suzy လာပြောမှ နာရီကိုကြည့်လိုက်ရာတစ်နာရီကို မိနစ်ပိုင်းလေး စွန်းရုံမျှဖြစ်သည်...
"အင်း အထဲကိုလွှတ်လိုက် Suzy..."
"ဟုတ်ကဲ့ မမဂျီဆူး..."
Suzy ခေါင်းကလေးညိတ်ကာ အခန်းထဲမှထွက်သွားပြီး သူမလည်းစားပွဲပေါ်မှ file များကိုသိမ်းလိုက်သည်....
"ဒီတစ်ခါတော့ ချယ် နောက်မကျပါဘူးနော် မမ..."
"ထိုင်..ချယ်.."
မမ ညွှန်ပြရာ ထိုင်ခုံမှာ ချယ် ဝင်ထိုင်လိုက်သည်...
ရိုကျိူးလွန်းတဲ့ ချယ်ယောင်း အပြုအမူများကို Suzy က အခန်းတံခါးဝမှရပ်နေရင်း...
"မမဂျီ Suzy ဘာစီစဉ်ပေးရမလဲဟင်..."
"နေနေ Suzy..ဘာမှမစီစဉ်နဲ့..တို့ အပြင်ကိုခဏသွားမလို့.. အလွန်ဆုံး နာရီဝက်ပဲကြာမယ် ဟုတ်ပြီလား..."
"ဟုတ်ကဲ့..."
"ချယ် အပြင်မှာတစ်ခုခုသောက်ရင်းပြောကြတာပေါ့..."
"ဟုတ်ကဲ့ မမ..."
အခန်းထဲမှ ဂျီဆူး တို့ထွက်သွားသည်ကို Suzy ငေးရင်း ကျန်ရစ်ခဲ့သည်ကို ဂျီဆူး သတိထားမိသည်.. ချယ်ယောင်း ၏စတိုင်လ်နဲ့ ချောမောမှုမှာ Suzy နစ်မြောသွားချင်းဖြစ်သည်...
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဒီလိုနဲ့ ကားပါကင်ရောက်တော့...
"ချယ့် မှာကားပါတယ် မမ..."
"မင်းကားနဲ့ မင်းလိုက်ခဲ့ပေါ့ ချယ်..."
ဂျီဆူး ပြောပြီး ရပ်ထားသော သူမကားဆီလျှောက်သွားကာ ကားလေးကိုမောင်းထွက်ခဲ့ရာ ချယ် လည်းအနောက်မှ သူမကားကိုမောင်းရင်းလိုက်ခဲ့ရတော့သည်...
YOU ARE READING
Falling For You
Fanfiction"ကျန်တာအားလုံးကို သည်းခံနိုင်ပေမယ့် မ ရဲ့အမုန်းကိုတော့ ယောင်း ခံနိုင်ရည်မရှိဘူးနော်" #Park Chae Young "ယောင်းရယ် မ တို့ကဖြစ်မှမဖြစ်နိုင်တာ " #Kim Ji Soo
