"ဒေါက်...ဒေါက်..."
"ချယ် သမီးငယ်လေး..."
တံခါးခေါက်သံနဲ့အတူ မေမေ့ ခေါ်သံကိုကြားလိုက်ရသည်...
"ချယ် သမီးငယ်လေး ချယ် ...."
ဒီလိုပိတ်ရက်ဆို မေမေ တစ်ခါနိုးရုံနဲ့ ချယ့် အသံမကြားလျှင် ထွက်သွားတတ်သော်လည်း..ခု ဆက်နှိုးနေသဖြင့် အရေးကြီး ကိစ္စဖြစ်သည်ကို ချယ် နားလည်မိသည်....
"ခဏလေး မေမေ ချယ် နိုးပါပြီ.."
"ချယ် သမီးလေး အောက်ထပ်မှာ သမီး ဂျီဂျီ ရောက်နေတယ်.."
"ဟင် ဟုတ်လို့လား မေမေရယ်.."
"တကယ်ပေါ့ သမီးရဲ့..ဒီမနက် မမ Hyo အိမ်ကိုလမ်းကြုံလို့ ဝင်သွားရင်းသမီး ဂျီဂျီ အလုပ်နားရက်နဲ့ ကြုံနေလို့ မေမေအိမ်ခေါ်လာခဲ့လိုက်တာ..."
ချယ် လည်း မမ အိမ်ရောက်နေတယ်ဆိုတဲ့အသိနဲ့ ဧည့်ခန့်သွားဖို့ပြင်နေတုန်း မေမေကလက်ကာတားရင်း...
"ဟဲ့..ဟဲ့..အော် မျက်နှာလေးဘာလေးသစ် ကိုယ်လက်သန့်စင်ပြီး သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးမှ လာပါသမီးရယ်...ပြီးတော့
ဂျီဂျီ လေးက မုန့်စားပြီးမှပြန်မှာ...""ဟင် မေမေကမုန့်လုပ်စားမလို့လား..."
"အင်းပေါ့ သမီးရဲ့ နောက်တစ်ပတ်ဆို သမီးအသက် ၂၂ နှစ်ပြည့်ပြီလေ..ဒီနေ့က မွေးနေ့အကြိုပေါ့သမီးရယ်..."
"ဟာ..ဟုတ်သားပဲ ..ကျေးဇူးပါပဲ မေမေရယ်..ချယ် အမြန်ဆုံးလုပ်ပြီးဆင်းလာခဲ့မယ် မမ ကို ဧည့်ခံထားပါအုံးနော်မေမေ..."
"စိတ်ချပါ သမီးရယ် မေမေ့ချွေးမလေးကိုသေချာ
ဧည့်ခံထားပါ့မယ် ဟုတ်ပြီလား..""ဟီးးဟုတ်ကဲ့မေမေ.."
မိခင်ဖြစ်သူ၏ ပါးကို ရွှတ်ခနဲ တစ်ချက်နမ်းပြီး ချယ် ရေချိုးခန်းဘက်ပြေးထွက်ခဲ့သည်..နှစ်စဉ်မွေးနေ့အကြိုအဖြစ် မေမေကစီစဉ်ပေးတိုင်း ချယ် ဝမ်းသာရပြီး ဒီနေ့လို မမ ရှိတဲ့နေ့ဆိုတော့ ပို၍ပျော်ရွှင်ရသည်...
လူကဧည့်ခန်းမှာထိုင်နေရသော်လည်း..စိတ်ထဲတွင်ကတိကအောင့်
ဖြစ်နေသည်..တကယ်ဆို ချယ် နဲ့တစ်ပတ်မတွေ့ရန် ပြောထားသော်လည်း ခုတော့ငါးရက်သာရှိသေးတော့ သူမ စကားပြောပျက်မှာစိုးတဲ့အတွက် ငြင်းသော်လည်း ချယ့်မေမေကအတင်းခေါ်သဖြင့် လိုက်ခဲ့ရတော့သည်..
YOU ARE READING
Falling For You
Fanfiction"ကျန်တာအားလုံးကို သည်းခံနိုင်ပေမယ့် မ ရဲ့အမုန်းကိုတော့ ယောင်း ခံနိုင်ရည်မရှိဘူးနော်" #Park Chae Young "ယောင်းရယ် မ တို့ကဖြစ်မှမဖြစ်နိုင်တာ " #Kim Ji Soo