Falling For You ep (7)

793 85 17
                                        

သူ့နာမည်က.. Park Chae Young တဲ့ Suzy..ဒီနေ့ကစပြီး
ငွေစာရင်းကိုင်ဌာနမှာ အလုပ်ဝင်မယ့်သူပေါ့..."

မမဂျီဆူး မိတ်ဆက်ပေးသဖြင့် Suzy အသိအမှတ်ပြုအပြုံးလေးနဲ့ ချယ်ယောင်းကို ခေါင်းညိတ်ပြလိုက်သည်....

ချယ်ယောင်းနဲ့ပက်သတ်ပြီး Suzy ကို မမဂျီဆူးက ပြောပြထားသည်...

ချယ်ယောင်းက မမဂျီဆူးသူငယ်ချင်း၏ညီမဖြစ်ပြီး သူငယ်ချင်းကအကူအညီတောင်းမှုကြောင့်အလုပ်တစ်နေရာ ပေးခဲ့ကြောင်းကိုပြောပြခဲ့သည်....

"ချယ် သူက တို့အတွင်းရေမှူး Suzy တဲ့..."

"ချယ် လိုတဲ့အကူအညီကို Suzy ပေးလိမ့်မယ်...ကဲ Suzy  ချယ်ယောင်း ကိုဌာနက ဝန်ထမ်းတွေနဲ့
မိတ်ဆက်ပေး လိုက်ပါအုံးကွယ်..."

"ဟုတ်ကဲ့ မမဂျီဆူး... Suzy နဲ့ လိုက်ခဲ့နော် ချယ်ယောင်း..."

ရင်းနှီးဖော်ရွေစွာဖိတ်ခေါ်ခဲ့သော Suzy နောက်သို့ ချယ် ခေါင်းလေးတစ်ချက်ညိတ်ကာ လိုက်ပါသွားခဲ့သည်...

ချယ် ကကုမ္ပဏီဝတ်စုံနဲ့ကြည့်ကောင်းနေတာတော့ သူမလက်ခံသည်..

ချယ့် အရပ်ကမြင့်မားလွန်းသော်လည်း Suzy နဲ့က
မတိမ်းမယိမ်းမို့ ဒါကိုကြည့်ပြီး ဂျီဆူး နှုတ်ခမ်းပါးထက်အပြုံးတစ်ပွင့် ပေါ်လာ လေသည် ....

‌ဆယ်မိနစ်အကြာမှာ‌တော့ ရုံးခန်းထဲကို Suzy ပြန်ရောက်လာတော့သည်...

"အဆင်ပြေရဲ့လား Suzy..."

"ပြေပါတယ် မမဂျီဆူး... ချယ်ယောင်း ကခင်စရာကောင်းပါတယ် ဝန်ထမ်းတွေနဲ့မကြာခင် ခင်သွားမှာပါ..."

ပြောလည်းပြောရင်း  Suzy မျက်နှာပေါ်က ကျေနပ်အပြုံးတွေထင်နေတာကို သူမ မြင်လိုက်ရသည်...

"ချယ်ယောင်း က ကုမ္ပဏီဝန်ထမ်းယောလုပ်ဖူးရဲ့လား မမဂျီဆူး..."

"ဘာလိုမေးတာလဲ Suzy..."

"သူစီးလာတဲ့ကားနဲ့ သူ့ပုံစံကြည့်ပြီးတစ်မျိုးဖြစ်နေလို့ပါ..."

"အဟင်း.. Suzy က ချယ်ယောင်း ကိုဂရုတစိုက်နဲ့ သေချာအကဲခတ်ထားတာကိုး...."

Falling For YouWhere stories live. Discover now