Falling For You Ep ( 9)

1K 92 21
                                    

"ဟေ့ရှဉ့်ပေါက်လေး..."

ဆင်ဝင်အောက်တွင် ချယ် ကားလေးထိုးရပ်လိုက်သည်နှင့် ခြံထဲရှိခုံတန်းလျားလေးပေါ်မှ နစ်ခွန်း ကလှမ်း၍ခေါ်လိုက်သည်...

"ဟာ ကိုကို...အမယ် နိုင်ငံခြားနေတာများလို့ အသားတွေကိုဖြူဖွေးနေပါလား..."

"ဟားဟား မဟုတ်တာပဲကွာ ကိုကို အစကတည်းက လူချောမို့ပါ..."

"အမယ်လေးလိပ်မျိုးကြီး...ဒါနဲ့ကိုကိုကဒီကိုအပြီးပြန်လာတာလား."

"အင်း..အပြီးပြန်လာချင်ပေမယ့် လုပ်ငန်းတွေကဖြတ်ဖို့ မလွယ်သေးဘူးလေ..အင်းးခြောက်လလောက်တော့
နေဖြစ်ဦးမှာပါ..."

"ကိုကို ကဒီမှာကုမ္ပဏီတစ်ခုတည်ထောင်ခဲ့မှာ..အဲ့ဒီကုမ္ပဏီကို ကိုကိုကချယ် လေးကိုပဲဦးဆောင်ခိုင်းမှာ..နှစ်နှစ်အတွင်းကိုကိုက ဒီကိုအပြီးပြန်လာနိုင်အောင်စီစဉ်မှာပါ..."

"စိတ်ချ ကိုကို..ကိုကိုပြန်လာမယ်ဆိုလို့ကို ချယ်ကအရမ်းပျော်သွားပြီး..."

"အွန်း...ချယ်လေးပျော်တယ်ဆိုတာ ယုံရခက်ခက်ပဲ...
အခုတောင် ချယ့်လေးချစ်သူဆီသွားလို့
ကိုကို့ကိုတောင် လာမကြိုနိုင်ဘူးမဟုတ်လား..."

နစ်ခွန်း၏ မကျေနပ်သလိုပြောလိုက်တဲ့စကားကြောင့် ချယ်ရှက်ရယ်ရယ်လိုက်မိသည်...

"ဟာ ကိုကိုကလည်း စိတ်မဆိုးပါနဲ့...အဟဲ ချယ် လေးကလေ ကိုကိုဆီလာမလို့ပဲ..တကယ်ကိုလာခါနီးနေမှ မမ ကဖုန်းဆက်ခေါ်လို့ပါ..."

ချယ် ငချွဲမလေးက သူမရဲ့ချစ်စရာကောင်းမှုကြီးကို ထုတ်ပြပြီးချွဲလိုက်တဲ့အခါ နစ်ခွန်း တစ်ယောက် ကြာကြာစိတ်မဆိုးရက်တော့ပေ....

"ထားပါတော့ ငချွဲမလေး..ချယ် လေး‌ချစ်သူက ချယ့်ထက်အသက်ကြီးတယ်မို့လား..."

"အင်း..သုံးနှစ်ထဲပါ...နေအုံး ချယ့် မွေးနေ့ကျ မိတ်ဆက်ပေးမယ်..."

"ကိုကို့ထက်တစ်နှစ်လောက်ငယ်တာပေါ့ ချယ် ရာ. ချယ်ကတော့ရွေးလိုက်ရင်အဆန်းပဲ ....."

Falling For YouOù les histoires vivent. Découvrez maintenant