Falling For You ep (4)

780 79 2
                                        

"ဒီလောက်စိတ်ကြိုက်ခေါင်းခေါက်ရွေးယူနိုင်တဲ့သူက မိန်းမတစ်ယောက်ရဖို့ အမေကိုပြန်အားကိုးနေတာ တော့ မဟုတ်သေးပါဘူး..."

"အေးလေ ငါတို့အုပ်စုထဲမှာ စန်းအပွင့်ဆုံးသူက ဒီလိုဖြစ်ရတယ်လို့ အံ့ဩပါ့ဟယ်..."

သူမ နဲ့ တွေ့တဲ့အကြောင်း MoMo & Tzuyu ကိုပြောပြတော့သူတို့ကအရင် Chae  ဘယ်ရောက်သွားလဲတဲ့လေ..

ဟုတ်တော့လည်းဟုတ်ပါသည် Chae က ကိုယ်သဘောကျတဲ့ သူကိုရွေးယူနိုင်လောက်တဲ့သူပေါ့ ခု နဲ့ကျမှ Chae က မေမေ့ ကိုပြန်အားကိုးနေရသည့်အဖြစ်...

* ရေ Chae တော့ ကိုသိပ်ချစ်မိနေပြီ*

နဲ့ကိစ္စကို အန်တီ Hyomin က သဘောတူခဲ့ပြီး‌....JiJi ကလည်း Chae နဲ့တွေ့ပြီးစကားပြောချင်တယ်ဆို၍ Chae တစ်ယောက် ပျော်ရွှင်သွားခဲ့ရသည်...

မနက်ပိုင်း ရေအမြန်ချိုးကာ အလှဆုံးပြင်ပြီး Chae ချစ်ရတဲ့ ဆီ ကားလေးနဲ့ မောင်းထွက်ခဲ့တော့သည်...

"အန်တီ Sohyun က မင်းနဲ့ တို့ကို
ရည်ရွယ်ထားတယ်ဆိုတာ မင်းသိလား..."

"ဟုတ်ကဲ့ မမ သိပါတယ်..."

"မင်းက အမေစီစဉ်သမျှလက်ခံတဲ့ သမီးလိမ္မာတစ်ယောက်လား...."

"မမ ကို Chae တစ်ခါဆုံဖူးတယ်.."

"ဟိုတစ်ခါကားပျက်တုန်းက Chae နဲ့အတူ Taxi ပေါ်မှာဆုံဖူးတယ်လေ အဲ့ကတည်းက မမ ကို Chae စိတ်ဝင်စားခဲ့တာ..နောက်ပြီးမထင်မှတ်ပဲ မမ တို့အိမ်ပွဲမှာ ထပ်ဆုံတယ်..မမ နဲ့ ဆုံဖို့က မလွယ်ဘူးလေ အဲ့ဒါကြောင့်
Chae မေမေ့ ကိုအကူအညီတောင်းခဲ့တာပါ..."

"အင်း..တို့စဉ်းစားခွင့်တောင်းထားတယ်..ပြီးတော့ မင်းနဲ့တို့ကြားမှာ နားလည်မှုတစ်ခုယူထားချင်တယ် Chae Young..."

"ဟုတ်ကဲ့.. ပြောပါ မမ.."

"မင်းနဲ့တို့က တစ်ယောက်အကြောင်းတစ်ယောက် ဘာမှမသိကြသေးတဲ့အတွက် လေ့လာခွင့်ရအောင် အချိန်တစ်ခုတော့လိုတယ်...ဒါကိုမင်းလက်ခံနိုင်မလား.."

"Chae လက်ခံပါတယ် မမ.."

"ဒါဆိုရင် တို့နှစ်ယောက်နားလည်မှုရပြီပေါ့ ....
ကဲ....တို့ကိစ္စရှိသေးလို့ ခွင့်ပြုပါအုံး Chae..."

Falling For YouWhere stories live. Discover now