Falling For You Ep (12)

1.7K 106 37
                                        

ဂျောင်ဟွန်း နဲ့အတူကျောင်းလိုက်လာရင်း နှစ်ယောက်ဆုံတိုင်း
ထိုင်ဖြစ်သောကန်တင်းက မုန့်ဆိုင်မှာလည်း နစ်ခွန်း နဲ့ပက်သက်တဲ့
ခံစားချက်တွေ ဂျီဂျီ ရင်ထဲဖြစ်ပေါ်လာတော့သည်..

"နေ..နေ နစ်ခွန်း ..ဂျီဂျီ ရှင်းလိုက်မယ်..."

"ဟာ..မဟုတ်ပါနဲ့ ဂျီဂျီ ရယ် အမြဲတမ်း ဂျီဂျီ ပဲရှင်း‌နေရတာ ကျွန်တော် ရှင်းပါရစေ..."

"ဧည့်သည်က ဧည့်သည်လိုနေပါ ဂျီဂျီ ရှင်းမှာပေါ့.."

"လာတိုင်း ဂျီဂျီ ရှင်းနေရတော့ ကျွန်တော်အားနာတယ်..."

"ဘာမှ အားနာစရာမလိုဘူး..နစ်ခွန်း ကျောင်းကိုလာလည်ရင် နစ်ခွန်း ရှင်းပေါ့..."

"ဂျီဂျီ တယ်လာမှာလား...ဂျီဂျီ လာရင်ကြိုပြောနော်..."

"ဘာလဲ ဂျီဂျီ လာရင်ရှောင်နေမှာမို့မေးတာလား..."

"ဟာ မဟုတ်ပါဘူး ဂျီဂျီ လာရင်ပိုက်ဆံကြိုရှာထားမလို့ပါ..."

နစ်ခွန်း ပုံစံကအတည်ပြောနေသဖြင့် ဂျီဂျီ တကယ်စိတ်မကောင်းဖြစ်ရသည်...

"ကျွန်တော်က ဂျီဂျီ တို့လိုမပြည့်စုံဘူး အခုကျောင်းတက်နေရတာ‌လည်း မေမေရှာဖွေပေးနေလို့ပါ..."

"ဟို အန်တီက ဘာအလုပ်လုပ်လဲဟင်..."

"အမေ ကရင်းနှီးတဲ့ပွဲရုံတွေကနေ ကုန်တွေဝယ်ပြီး
ဆိုင်တွေမှာလိုက်သွင်းတယ်လေ..."

"နစ်ခွန်း တို့ဘက်မှာဆွေမျိုးတွေမရှိကြဘူးလားဟင်..."

"အဖေ့ဘက်မှာမောင်နှမတွေရှိတယ်..အဆင်ပြေကြပေမယ့် မေမေကမာနနဲ့မို့ တစ်ခါမှအကူအညီမတောင်းဖူးဘူး..."

"နစ်ခွန်း..."

"ဟင်..ဘာလဲ ဂျီဂျီ..."

"ဘယ်လိုအခက်အခဲပဲရှိရှိ ဂျီဂျီ ကိုပြောပါနော် ဂျီဂျီ ကူညီပါ့မယ်...."

"ကျေးဇူးတင်ပါတယ် ဂျီဂျီ..ကိုယ့်မေမေကပြောဖူးတယ် သူအသက်ရှင်နေသရွေ့ ကိုယ်အလုပ်လုပ်စရာမလိုဘူးတဲ့ ကိုယ့်ကိုပညာတတ်ကြီးဖြစ်အောင်တာလုပ်ပါတဲ့လေ..."

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Aug 16, 2021 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Falling For YouDove le storie prendono vita. Scoprilo ora