"ဂျီဂျီ ကတော့ဖြစ်ရမယ်...ဘာလို့ မီနာ မဟုတ်ဘူးဆိုတာကို
ရှင်းမပြလိုက်တာလဲ...""အစ်ကိုဂျောင်ဟွန်းမဟုတ်တော့ ဂျီဂျီ လည်း
ရှင်းပြမနေတော့ဘူးလေ...""အင်း...ပြဿနာတော့မရှိပါဘူးဟာ..အစ်ကိုကခဏခဏ
လေအောင့်တတ်တယ်လေ...သက်သာရဲ့လားတောင်မသိဘူး...""မီနာ ကလည်းပူနေပြန်ပြီ...ဟိုကသက်သာလို့ ဘာမှပြန်မပြောတာပေါ့ဟ..."
"စိုးရိမ်လို့မေးတာပါဟာ...အစ်ကိုက သူ့ကိုယ်သူဂရုမစိုက်ဘူးလေ...
မဖြစ်သေးပါဘူး ညနေအတန်းချိန်လစ်ပြီးသွားတွေ့ဦးမယ်..."မီနာကိုကြည့်ပြီး ဂျီဂျီ နှုတ်ခမ်းလေးမဲ့သွားမိသည်...
ဒါကိုမြင်သွားတဲ့ မီနာ က...
"အမယ်...ဂျီဂျီ ကဘာမဲ့တာလဲ..."
"မဲ့မှာပေါ့..ရှင်ကအကဲပိုနေတာကိုး..
တကယ်ပါပဲအမြင်ကတ်စရာကြီး...""ဒါကတော့..ဂျီဂျီ ရယ်ချစ်တာကိုးလို့..."
အချစ်ဆိုတဲ့အရာကိုကိုမချစ်ဖူးတဲ့ ဂျီဂျီ အတွက်တော့ မီနာ ရဲ့အကဲပိုနေပုံက ရယ်ချင်စရာတစ်ခုဖြစ်နေတယ်...
ဂျီဂျီ အလယ်တန်းကျောင်းသူဘဝမှာပင်မိခင်ဖြစ်သူ
ဆုံးပါသွားတော့ ဖခင်ကိုသာ အချစ်တွေပုံချစ်ခဲ့သည်..မေမေ့ညီမ ဖြစ်တဲ့အန်တီHyo က ဂျီဂျီ ကိုတာဝန်ယူရန် ပြောလာပေမယ့် သမီးလေးတစ်ယောက်ထဲမို့ဆိုပြီး
ဖေဖေကလက်မခံခဲ့ပါ...."ဒယ်ဒိ့ဘဝမှာ သမီးလေးတစ်ယောက်ထဲရှိတယ်..
သမီးဘာလိုချင်လဲ...ဘာဖြစ်ချင်လဲပြော..
ဒယ်ဒီအကုန်ဖြည့်ဆည်းပေးမယ်..."'ဒယ်ဒီက သူမ လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးခဲ့သည်..
စီးပွားရေးလုပ်ငန်းများနဲ့မအားလပ်ပေမယ့် သူမကိုတော့ဂရုစိုက်အလေးထားခဲ့သည်...'"ဟော..သမီးနိုးပြီလား..ဒယ်ဒီကသမီးကိုစောင့်နေတာ..."
"ဒယ်ဒီ ဒီနေ့ကုမ္ပဏီမသွားဘူးလား.."
"ဟားဟား..ငါ့သမီးကတော့ကွာ..ဒီနေ့ sundayဆိုတော့ သမီးဝယ်ချင်တာဝယ် စားချင်တာစား..သွားချင်တာသွား ဒယ်ဒီလိုက်ပို့ပေးမယ်..."
YOU ARE READING
Falling For You
Fanfiction"ကျန်တာအားလုံးကို သည်းခံနိုင်ပေမယ့် မ ရဲ့အမုန်းကိုတော့ ယောင်း ခံနိုင်ရည်မရှိဘူးနော်" #Park Chae Young "ယောင်းရယ် မ တို့ကဖြစ်မှမဖြစ်နိုင်တာ " #Kim Ji Soo