"အဲ့ဒါနဲ့ နင်ကတပ်ခေါက်ပြီးပြန်လာခဲ့တယ်ပေါ့"
"အင်း..."
Chae ရဲ့ အင်းအဖြေကြောင့် MoMo လှောင်သလို တစ်ချက်ရယ်လိုက်သည်...
"Chae ရာနင့်ကိုကြည့်ပြီး ငါတို့ မခံနိုင်ဖြစ်မိတယ်ဟာ.."
"အေးလေ ကျောင်းမှာတုန်းက နင့်ကိုကြွေနေတဲ့ ယောကျာ်လေးတွေရော မိန်းကလေးတွေရော နင့်နားဝိုင်းနေတာတောင် စိတ်မဝင်စားဘူး.."
"အခု ကိုယ့်ထက်အသက်သုံးနှစ်လောက်ကြီးတဲ့ မိန်းမနဲ့ကျမှ ဘယ်လိုဖြစ်ရတာလဲ.."
မရိုးနိုင်သော ဝေဖန်ချက်များနဲ့ MoMo ရော Tzuyu ပါ Chae အားအပြစ်တင်ကြတော့သည်..
"နေပါအုံး Chae နင့် မ က Australia မှာ လေးလလောက် ရောက်နေတာ ခုပြန်လာတာနဲ့တောင် မကြာခင်မှာ စေ့စပ်လက်ထပ်တော့မယ့်ကိုယ့် ဇနီးလောင်းကို ဆက်ဆံပုံကမဟုတ်သေးဘူးနော်..."
"ဟုတ်တယ် Chae.. MoMo ပြောတာမှန်တယ် တကယ်ဆိုချော့ချင်းချော့သူကတောင်ချော့ရအုံးမှာ..."
Chae young တစ်ငုံမှမသောက်ရသေးသော ice coffee ကိုသာငေးကြည့်နေမိသည်...
"နင်တို့ကလည်း ဘာမှမသိပဲလျှောက်ပြောနေပြန်ပြီ မ ကစိတ်မကောက်တတ်ပါဘူး..တကယ်ဆို ငါကားပြင်တာကိုမစောင့်ဘဲ မဖြစ်ဖြစ်တဲ့နည်းနဲ့သွားကြိုသင့်တာ ငါကိုယ်ကမသုံးမကျတာ.."
"ဟောကြည့် ငါတို့က နင့်ဘက်ကနာလို့ပြောတာကိုပဲ နင်က မဆီမဆိုင်ဟိုဘက်ကနာပြနေပြန်ပြီ..."
"နင်အဲ့ဒီလိုသာအလျှော့ပေးနေ Chae ဟိုကနင့်ကိုအမြဲတမ်းအနိုင်ယူသွားလိမ့်မယ်.."
"ငါ..ငါ မ ကိုသိပ်ချစ်တာ..."
"သေလိုက် ချစ်တာတော့ချစ်တာပေါ့..ဒါပေမယ့် ချစ်တာကိုအရမ်းပြမိသွားရင်..ကိုယ်ပဲ အမြဲအနိုင်ယူခံရလိမ့်မယ်.."
"သူ့ရောဂါကကြာရင်မလွယ်ဘူး Tzuyu ရဆုပ်လည်းဆူး.. စားလည်းရူးဆိုတာ..ဒါမျိုးဖြစ်မယ်..."
"နင့် မ ကနင့်ကိုတကယ်ချစ်တာယော ဟုတ်ရဲ့လား.."
"ဟင်!..."
ESTÁS LEYENDO
Falling For You
Fanfic"ကျန်တာအားလုံးကို သည်းခံနိုင်ပေမယ့် မ ရဲ့အမုန်းကိုတော့ ယောင်း ခံနိုင်ရည်မရှိဘူးနော်" #Park Chae Young "ယောင်းရယ် မ တို့ကဖြစ်မှမဖြစ်နိုင်တာ " #Kim Ji Soo