ဝမ်ရိပေါ် !
ရှောင်းကျန့်မြင်လိုက်ရတာက
ကလေးနဲ့ ချင်မင်းသမီးဖက်နေတဲ့
ပုံစံရှောင်းကျန့် ရိပေါ်နာမည်ကို
အော်ခေါ်လိုက်ကာ
အနားသွားပြီး
ရိပေါ်ကို ပွေ့ချီလိုက်ကာ
နဂါးမျက်စောင်းဖြင့် ချင်မင်းသမီးကိုကြည့်ကာ ထွက်လာခဲ့သည်။သူလေးကတော့အော်လိုက်တာကြောက်လို့သွားလားမသိ
ရင်ခွင်ထဲမှာ သူ့ကိုယ်လေးက တုန်ရီနေသည်။အမှန်တော့ ရင်ခွင်ထဲက
ကလေးက အခြားအကြောင်းကြောင့်တုန်ရီနေခဲ့တာကို
သူမသိခဲ့။အိမ်တော်ပြန်ရောက်တော့
ကလေးကို အိပ်ဆောင်ထဲခေါ်သွားကာ
တယောက်မှ မလာဖို့မိန့်ပြီး
အခန်းတံခါးပိတ်ကာရှောင်းကျန့် ဒေါသထွက်နေတာနဲ့
ဝမ်လေးရဲ့ မေးရိုးကို
လက်နဲ့ ညစ်ထားတော့
ဝမ်လေးက အော်မြည်ထင်ခဲ့တာ
လက်တွေ့မှာ
ဝမ်လေးက အသက်မဲ့နေတဲ့လူလိုပင်
မျက်ရည်များသာ
အသွင်သွင်စီးကျနေခဲ့သည်။
ရှောင်းကျန့် ထိတ်လန့်သွားကာ
လက်ကိုလည်းလွတ်လိုက်ပြီး
ရင်ခွင်ထဲ ပွေ့ထားတာကာ'ကလေး ကလေးဘာဖြစ်တာလဲ
ကောကို ကြောက်သွားတာလား
ကလေး...,ကလေး'
. ..................................................
'လက်ရှိကာလရိပေါ်အတွေးတွေကို
လက်စဖြတ်ကာ အခုဖြစ်လာမယ့်အခြေအနေကို
ဖြေရှင်းရမည်။မကြာပါကော နိုးလာခဲ့သည်။
'ဒါတွေက ဘယ်လိုဖြစ်တာလဲ
မင်းငါ့ကို ဘာလုပ်လိုက်တာလဲ'
ရိပေါ်ဘာမှ မပြောသူ့မှာ အချိန်အနည်းငယ်သာရှိတော့သည်လေ။
ခုလိုကောနဲ့ ထပ်တွေ့ရတာဘဲ
ဝမ်းသာလှပြီရိပေါ် သူ့ကောရဲ့
မျက်လုံးတွေကို
သေချာစိုက်ကြည့်နေရင်း
ရိပေါ်မျက်လုံးက
ကျောက်စိမ်းရောင်ဖက် ခနတာ ပြောင်းသွားကာ
ကောလည်း ငြိမ်သပ်သွားသည်။
တအောင့်ကျတော့
ကောက
'ကလေး နိုးနေပြီကို
ကောအိပ်ပျော်သွားတယ်'
ရှောင်းကျန့် ရိပေါ်ရဲ့ နှထူးလေးကို
ညင်သာစွာနမ်းလိုက်ပြီးတော့.'ကလေးနာနေသေးလား
ဟင် အဆင်ပြေရဲ့လား'
'ကော! ဘာတွေပြောနေတာလဲ'
'ဟားဟား ကလေးကလည်း
ရှက်နေသေးတယ်
မရှက်တော့အောင် နောက်တခါလောက်'
'သွားတော့ အဝတ်သွားဝတ်တော့'
'ဝတ်ချင်ဘူး
ကလေးရဲ့ ဒီလို စောင်လေးထဲမှာ
နေပြီး အရှက်သည်းနေတဲ့
မျက်နှာလေးကို ကြည့်နေချင်တာ'
'ထတော့ ကောရာ
အဝတ်ဝတ်တော့ နေမြင့်နေပြီ'
'အင်းပါ အိမ်တော်ထိန်းကြီးရော..ကျန်တဲ့သူတွေကို မနေ့ကလည်းမတွေ့မိဘူး
ကလေး ..'
'ကောကလည်း
ကလေးတို့ ခနအားလပ်ရက်ပေးထားတယ်လေ ဒီရက်
ကောတောင်နန်းတွင်းမဝင်ရဘူး'
'အော် ဟုတ်လား'ိရှောင်းကျန့်ရိပေါ်ကို ပွေ့ကာ
ရေချိုး သန့်စင်ဖို့ ပြုလုပ်ပေးပြီးချစ်ရသူနှစ်ယောက်
အတူတူ ဥယျာဉ်လေးထဲမှာ ထိုင်နေသည်။'ကလေး'
'ပြောလေကော '
'ကလေးကိုလေ ကောအရမ်းမြတ်နိုးတယ်'
'ဝမ်လေးရောဘဲ အရမ်းမြတ်နိုးတယ်'
'ကလေး ဗိုက်ထဲက ပိစိလေးက
နောက်လဆို နည်းနည်းလေး
ဗိုက်လေးက ပူလာတော့မှာနော်
ကောတို့အတူနေလို့မရတော့ဘူး'
'ကောနော် ဟွန့် ဒါဘဲတွေးနေတယ်'
'စတာပါ ကိုယ့်ရဲ့ယောကျာ်းလေးရဲ့'
ရွှတ်စ်
'ကော'
ရွှတ်စ်...ရွှတ်စ်
'ခစ် ခစ်ကောရာတော်တော့ ယားတယ်လို့ 'ရှောင်းကျန့်
ဝမ်လေးရဲ့
လည်တိုင်ဖွေးဖွေးလေးတွေ ကို
နမ်းတော့ ကလေးက
ယားလို့ထင်ပါ့ ရယ်နေလိုက်တာ'ကလေးနေဦး ရှေ့မှာ
မြင်းခွာသံတွေကြားတယ်
သွားကြည့်လိုက်ဦးမယ်'
'ကော'
ရှောင်းကျန့်မတ်တပ်ရပ်ကာ သွားမယ်လုပ်တော့
လက်ကိုလှမ်းစွဲကာ
တားလာတဲ့ ကလေး'ကလေး ဘာဖြစ်လို့လဲ'
'ကော အိမ်တော် တခါးအပြင်ကို မထွက်နဲ့နေည် နားထောင်ပေးပါ'
'အင်းပါ ကလေးရဲ့'အိမ်တော်ရှေ့ရောက်တော့
လူတစ်ယောက်ရပ်နေရာ
သူ့ကို အရိုအသေပြုရင်း'ရှောင်သခင်လေး
ကျွန်တော်လိုက်ရှာလိုက်ရတာဗျာ'
'မင်းက ဘယ်သူလဲ'
'သခင်လေး ကျွန်တော်ဝမ်နင်လေ'
'ငါ့သိလို့လား'
'သခင်လေး မနောက်ပါနဲ့ ဗျာ'
'ငါ...အား..ကျစ် ဝမ်နင် ဘယ်လိုလုပ်ရောက်လာတာလဲ'ရှောင်းကျန့် အိမ်တော်တံခါးကို
ကျော်မိလိုက်တော့
ခေါင်းကထိုးကိုက်လာကာ
သူဒီ အိမ်မှာတည်းမိတာကလွဲရင် ဘာမှ မမှတ်မိပေ။တစ်ဖက်တွင်တော့
အိမ်တော်ထဲမှာရှိနေတဲ့
ဥယျာဉ်ထဲက
ကောင်လေးကတော့မျက်ရည်တွေနဲ့
သွေးများ နှုတ်ခမ်း မှ
အပြင်သို့ အန်ကျလာကာ
စကားပြောရန်ပင် အားမနည်းယူနေရလေသည်။ဒါပေမယ့်
ထို ကောင်လေးက
စိတ်ထဲက ပြောလိုက်တာကတော့
(ကောက ဘယ်တော့မှ
ကျွန်တော့် စကားနားမထောင်ခဲ့ဘူး)'