ep5

273 17 0
                                    

'ကောက ကျွန်တော်ပြောတာဘယ်တာဘယ်တော့မှ နားမထောင်ခဲ့ဘူးဘဲ'

ရိပေါ် အသက်မဲ့တဲ့
အပြုံးလေးကိုပြုံးပြီး
လက်ခုံနှင့် နှုတ်ခမ်းမှာ
ပေနေတဲ့ သွေးတွေကို
သုတ်လိုက်ကာ
မျက်ရည်တွေကျနေမိသည်။

'ဝမ်သခင်လေး'
ရှောင်းကျန့်ဘာတွေဖြစ်သွားလဲ
ဘာမှမသိ ညက ရေနွေးသောက်ရင်း
မူးဝေသွားတာဘဲ မှတ်မိသည်။
ခုဝမ်နင်ရောက်လာတော့
ပြန်လာ ခရီးဆက်ရတော့မည်ဖြစ်တာကြောင့်
လာရောက်နှုတ်ဆက်ခြင်းဖြစ်သည်။

'အော် ဒီက သခင်လေး ဘာပြောမလို့လဲ'
'ကျွန်တော် ခရီးဆက်ရတော့မှာမို့
လာနှုတ်ဆက်တာပါ'
'ဟုတ်'
'မနေ့က ကျွန်တော့်ကို တည်းခွင့်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
သွားခွင့်ပြုပါဦး'
'ခနလေးပါ သခင်လေး
အဟွတ်...ဝေါ့'
'ဝမ်သခင်လေးသွေးတွေပါလား
ဘယ်ဖြစ်တာလဲ'

ရှောင်းကျန့် ရိပေါ်ကို
သွေးကြောစမ်းပေးမယ် လုပ်တော့
ရိပေါ်က နောက်ကိုဆုတ်လိုက်ပြီး
မျက်လုံးအိမ်မှာ ပုလဲလုံးလေးများ
သီလာကာ
လက်ထဲစုပ်ကိုင်ထားတဲ့
ကျောက်စိမ်းအဆောင်လေးကို

'ဒီက သခင်လေးကို ကျွန်တော်ပေးခြင်တဲ့
အဆောင်လေးပါ'
'ဘာလို့ ကျွန်တော့်ကို'
'ကျွန်တော့်အတွက်အရေးကြီးတဲ့
အဆောင်လေးပါ
သခင်လေးကို ပေးတာက
ပေးချင်လို့ပေးတာလို့
မှတ်ထားပေးပါ မပျောက်ပါစေနဲ့
အဆောင်လေးကို
တကယ်လို့
ဒီ အိမ်တော်ကို ပြန်လာခြင်သေးရင်
လမုန့်ပွဲတော်ညမကျော်ခင်လာခဲ့ပါ'
'ဟုတ်ကဲ့ သခင်လေး'
'သွားပါတော့'

ရှောင်းကျန့် အိမ်တော်ကနေတာ
ထွက်လာခဲ့ရသည်
စိတ်ထဲမှာ မသွားချင်ဘာဖြစ်နေမှန်းလည်း
ကိုယ့်ကိုယ်မသိပေ။

'ရှောင်သခင် မျက်နှာလည်းမကောင်းဘူး
ဘာဖြစ်လို့လဲ'
'ဘာမှ မဖြစ်ပါဘူး ဝမ်နင်
မင်းက ဘယ်လိုသိပြီး
ဒီကို ရောက်လာတာလဲ'
'စားသောက်ဆိုင်အလုပ်သမားလေးကိုမေးလိုက်တာပေါ့
အခု သခင်ကြီးက အိမ်ဘဲ ပြန်လာခိုင်းနေတယ် သွားမှရမယ်
သခင်လေး '
'အင်း'
....................................................

ညနေစောင်းနေဝင်ချိန်လေးမှာ
ဥယျာဉ်ထဲက
မြေပုံလေးဘေးမှာ ထိုင်နေတဲ့
ဖြူလွှလွှ ဝတ်ရုံနဲ့သူလေး
သူလေးရဲ့ မျက်ဝန်းအိမ်မှ
မျက်ရည်များ စီးကျနေကာ
မြေပုံ မမည်တော့တဲ့
နေရာလေးကို ကြည့်ရင်း

တကိုယ်တည်းကြားရုံလေး ရေရွတ်နေတာက

'ဟက် ဒီလောက်ဆို
ငါ့ရဲ့ ခန္ဓာကိုယ်က နှစ်၃၀၀တောင်ကြာသွားပြီ
ဆွေးမြေ့နေလောက်ရောပေါ့
ကောရယ် ကျွန်တော် လွတ်မြောက်ချင်တယ်
အစွဲအလမ်းတွေမရှိတော့ဘဲ
ကော ကျွန်တော်ကို ပြန်ပြီးသတိရမှာပါနော်'
...........................................

ရှောင်အိမ်တော်

'သားတော် အိမ်တော်ကို ပြန်လာပြီပေါ့'
'ပြောစရာရှိတာပြောပါ
ကျွန်တော် နားချင်နေပြီ'
'အင်းပါ သားတွေရယ်
ဟင် ဒါ..ဒါက'

ရှောင်သခင်ကြီး အဆောင်လေးကိုတွေ့တော့

'ဘာဖြစ်လို့လဲ'
'သားတော်မင်း ကျောက်စိမ်းအိမ်တော်ကို ရောက်ခဲ့တာလား'
'မိုးမိလို့ ခနတည်းခဲ့ပါတယ်'
'လာခု လိုက္ခဲ့'

ရှောင်သခင်ကြီးခေါ်သွားတာက
အမြဲပိတ်ထားခဲ့တဲ့ အဆောင်
တံခါးဖွင့်လိုက်ပြီးတာနဲ့
အဆောင်အတွင်းမြင်လိုက်ရတာက

သူတွေ့ခဲ့တဲ့ ဝမ်သခင်လေးပုံနဲ့
သူ့ရဲ့ ပုံတူတွေ

'ခမည်းတော် ဒါတွေက'
'ဒါတွေက မင်းဆက်၃ဆက်မြှောက်ရဲ့
ရှောင်ဦးရီးတော်ရဲ့ ပုံတူတွေ
မင်းရဲ့ ကျောက်စိမ်းအဆောင်ထဲမှာ
ပြိုင်စံရှား စစ်ဗျူဟာရှိတယ်
နောက်ပြီး
ဘုရင် ဩဇာအတိုင်း အမိန့်ပေးနိုင်တဲ့
အဆောင်ဘဲ
ကျောက်စိမ်းအဆောင်က'
'ဒါပေမယ့် ဒါက'
'ဒါကိုယ် သိမ်းထားတဲ့သူက
ဝမ်သခင်လေးဘဲ
သူ့ရဲ့ အကြောင်းတွေက အမှန်ပါဘဲလား'
'ခမည်းတော် ဘာတွေလဲ
ဘာလို့ ဝမ်သခင်လေးက'
'သူက ခုထိ အိမ်တော်မှာ
ရှောင်ဦးရီးတော်ကို
ကျောက်စိမ်းအိမ်တော်မှာ
စောင့်နေတဲ့ ဝိညာဉ်ပါ။'
'ဗျာ
အား..ခေါင်းအရမ်းကိုက်တယ်
ကလေး ဝမ်လေး
မလာနဲ့ မဟုတ်ဘူး '
'သား သတိထားသား
သားဘယ်သွားမလို့လဲ'

ရှောင်းကျန့်ဘာမှနားမဝင်တော့
သူသိတာ
သူမှတ်ဥာဏ်ထဲမှာပေါ်လာတာ

ပြုံးရယ်နေတဲ့ ပုံလေး
ထိုပုံလေးရဲ့ ပိုင်ရှင်က
ကလေး
ရိပေါ်လေး

သူအိမ်တော်က နေကျောက်စိမ်းအိမ်တော်ကို
ပြန်ထွက်လာခဲ့သည်။
သူခရီးဆက်ရမှာနဲ့ဆို  ၂ရက်
ခုနေတဲ့ မြို့နဲ့က၂ရက် ကြာချိန်ရှိတယ်

ကလေးပြောတဲ့ အချိန်ဆို
သူလမုန့်ပွဲတော်မတိုင်ခင်
၁ရက်အလိုမှ ရောက်မည်

ကလေး ကောတောင်းပန်ပါတယ်
ကောကို အကြာကြီးစောင့်နေခဲ့ရတယ်

...............................

😁ဇာတ်သိမ်းတော့ပါမယ်နော်
vote နဲ့မန့်လေးများပေးသနားပါ😢

ကျော်စိမ်းအဆောင်လေးနဲ့ ချစ်ရသူရယ်(S1 complete)Where stories live. Discover now