ချစ်လွန်းလို့ (အပိုင်း-1)(U+Z)

57.5K 1.5K 63
                                    

(Unicode)

နှစ်တစ်နှစ်ရဲ့ အအေးဆုံး ဒီဇင်ဘာလ၏ 

ပထမဦးဆုံး ရက်

အိပ်ယာမှ မထခြင်ပင်မဲ့ မနေ့ညကပေးထားခဲ့သော နှိုးဆက်လေးကတော့ မြည်နေပြီ။

ကိုယ့်အကြောင်းကိုယ်သိလို့ 

အဖေ့ကို နှိုးပေးဖို့ မှာထားခဲ့သည်။

ယခုတော့ အခန်းရှေ့တွင် အဖေ ရောက်နေရှာပီ။

"သားရေ ဘုန်းရှိန် ကျောင်းတက်ရမယ်လေ ထတော့"

နှိုးဆက်ပိတ်ပီး ပြန်အိပ်တာက သုံးခါ

အဖေ လာနှိုးတာကတော့ နှစ်ခါမြောက်

အခုမှ မထရင်တော့ တက္ကသိုလ် ပထမရက်မှာ နောက်ကျတော့မှာမို့ မထချင်ပင်မဲ့ ထခဲ့ရသည်။

"ဗျာ အဖေ ဟုတ်ထပါပီ"

"သားမြန်မြန် ပြင်ဆင်ပြီး မနက်စာလာစားနော်"

"ဟုတ် အဖေ"

ထပီလို့ ပြောပင်မဲ့ မျက်လုံးက မပွင့်သေးလို့

ဆယ့်ငါးမိနစ်လောက်တော့ ထိုင်လျှက် အိပ်မိလိုက်တယ်။ 15မိနစ်လောက်နဲ့ ဘာဖြစ်မှာ မလို့လည်းနော်။

ကျွန်တော့ နာမည်ကတော့ ဘုန်းရှိန်အောင်ပါ။

အဖေ့ နာမည်ကတော့ ဦးနိုင်ဝနပါ။

ကျွန်တော်မှာ မိသားစုဟူ၍ အဖေတစ်ယောက်ထဲ သာရှိသည်။

အမေ ကတော့ ကျွန်တော်ကို မွေးပြီးကတည်းက ဆုံးသွားရှာပြီ။

အမေ့ကို အခုထိ မမြင်ဘူးပင်မဲ့ အရမ်းချစ်ဖို့ကောင်းသည်ဟု အဖေ ခဏခဏ ပြောပြဖူးတယ်။

အဖေဟာ ကျွန်တော့ အတွက်တော့ အဖေကော အမေကောပါပဲ။

အဖေဟာ ကျွန်တော့ အတွက် 

သူ့အရာရာကိုလည်း 

စွန့်လွှတ်ခဲ့သူပါ။

အမေဆုံးတော့ အဖေက အရွယ်ကောင်း ငယ်ငယ်လေးပဲ ရှိသေးပင်မဲ့ ကျွန်တော့ အတွက်နဲ့ 

နောက်အိမ်ထောင် မပြုခဲ့ဘူး။

အဖေဟာ ကျွန်တော့ အတွက်နဲ့ ကျောင်းပါထွက်ပြီး အိမ်တစ်အိမ်မှာ ကားမောင်းနေတာပါ။

ချစ်လွန်းလို့(completed)(U+Z)Where stories live. Discover now