ချစ်လွန်းလို့ (အပိုင်း-၁၂)(U+Z)

9.7K 640 26
                                    

(Unicode)

ကိုရှိိုင်း အလုပ်သွားပြီး နောက်ပိုင်း

ကျွန်တော့ အပေါ် ပြောင်းလဲ လာခဲ့တယ်။

အရင်လို မဟုတ်တော့ဘူး။

ကိုရှိုင်း ကျွန်တော်ကို မချစ်တော့တာလား?

အော် ကိုရှိုင်းက ကျွန်တော့ကို ချစ်လို့

ယူခဲ့တာမှ မဟုတ်တာ။Sex အတွက်

ပိုက်ဆံပေးဝယ်ခဲ့တာလေ။

ကျွန်တော်ကသာ ကိုရှိုင်းကို

နှစ်နှစ်လုံးလုံး

တစ်ဖက်သက် ချစ်နေခဲ့တာ။

ကိုရှိုင်း အဖေ့စီမှာ ကျွန်တော့ကို

ချစ်ကြောင်း ပြောတယ်ဆိုတာ

ကြားပြီးတော့ အဲ့ဒါတကယ်ထင်ခဲ့တဲ့

ကျွန်တောက အရူးပါ။

ကိုရှိုင်း ကျွန်တော့ကို

ရိုးသွားတာလား။

ကိုရှိိုင်းလုပ်စာ ထိုင်စားနေလို့

ညိုညင်တာလား?။

ဒါမှမဟုတ် ကိုရှိုင်း

အသစ်တွေ့နေပြီလား။

တကယ်လို့ ကိုရှိုင်း အသစ်တွေ့နေခဲ့ရင်လည်း

ကျွန်တော်က နောက်ဆုတ်ပေးမှာပါ။

ကျွန်တော့ အဖေ အသက်ကိုကယ်ပေးခဲ့တဲ့

ကိုယ်ရှိုင်းအတွက် ကျွန်တော့ အချစ်ကို

စွန့်လွှတ်ပေးနိုင်ပါတယ်။

.......................

"ဘုန်းရှိန် သားလေး ကျောင်းနောက်ကျတော့မယ်

ထပါတော့"

"ဟုတ် အန်တီလှ ကိုရှိုင်းကော"

"သခင်လေးက အရေးကြီးတဲ့

အစည်းအဝေး ရှိလို့တဲ့ ထွက်သွားပါပြီ။"

"အော် ဟုတ်"

"ဘုန်းရှိန် ရေချိုးပြီး ဆင်းလာခဲ့နော်

အန်တီ မနက်စာ ပြင်ထားမယ်"

"ဟုတ်"

ဒီနေ့ကျွန်တော့ကို နှိုးဖို့လည်း ပေါ်မလာ

ချစ်လွန်းလို့(completed)(U+Z)Where stories live. Discover now