ချစ်လွန်းလို့ (အပိုင်း-၁၉)(U+Z)

9K 555 34
                                    

(Unicode)

ကျွန်တော်ဘုန်းရှိန်ကို တောင်ကြီးမှာ

သွားရှာဖို့ ပြောတော့အဖေက

"ရှုိင်းမင်း ဘုန်းရှိန်ကို စဥ်းစားဖို့

အချိန်ပေးသင့်တယ်လို့

အဖေထင်တယ်။

မင်းသူ့ကို အရမ်းစိတ်ပူနေရင်

သူဘယ်မှာရှိလည်း ဘာလုပ်နေလည်း

ဆိုတာ သိရဖို့ စုံထောက်ထားလိုက်ပေါ့။

မင်းလုပ်လက်စ အလုပ်တွေပြီးသွားရင်တော့

မင်းသွားချင်သွား ငါမတားဘူး"

"ဟုတ် အဖေ"

ဘုန်းရှိန် ထားခဲ့တာ နှစ်လတောင် မပြည့်သေးဘူး။ လူက ဘာမှကို မလုပ်နိုင်တော့ဘူး

အလုပ်တွေ ပြီးဖို့ကလည်း နောက်တစ်ပတ်လောက် ကြာအုန်းမယ်။

အဖေပြောသလို ဘုန်းရှိန်ကို

အချိန်တော့ ပေးသင့်ပါတယ်လေ။

.........................................

စည်သူက ကျွန်တော့ အပေါ် အရင်လို

မဟုတ်တော့ဘူး။

ကိုရှိုင်း မရှိလို့ လွတ်လပ်ပြီ

ထင်ထားပင်မဲ့ အထင်နဲ့အမြင်

ကွဲလွဲသွားခဲ့ပါတယ်။

အခုတော့

ကိုရှိုင်းထက်ပိုဆိုးတဲ့

စည်သူ့လက်ထဲကို ရောက်နေခဲ့ပြီ။

ကျွန်တော်နဲ့ ပက်သက်လာရင်

စည်သူက အရမ်း ဒေါသထွက်လွယ်လာတယ်။

ကျွန်တော့ကို မတော်မဆ

ဝင်တိုက်မိရင်တောင် သွေးထွက်အောင်

ထိုးတဲ့ အဆင့်ထိ ဖြစ်နေပြီ။

စည်သူ့ရဲ့ အခုပုံစံက

တစ်ကယ်ကို ကြောက်ဖို့ကောင်းတယ်။

ကျွန်တော့နားမှာ အမြဲ အစောင့်တွေပါ

ချထားသေးတယ်။

တစ်ခါတစ်လေတော့ ကျွန်တော်လိုချင်တာ

ကျွန်တော်ဖြစ်ချင်တာ အကုန်လုပ်ပေးတဲ့

ချစ်လွန်းလို့(completed)(U+Z)Where stories live. Discover now